16

3.5K 689 15
                                    

ခင်ဗျားကို သဘောကျတယ်

နည်းနည်းတောင် နောက်ကျနေပြီ..။

နေဝင်သွားပြီးဖြစ်တဲ့အတွက် လူနေရပ်ကွက်ထဲမှာ အလင်းရောင်က ခပ်ဖျော့ဖျော့သာ ရှိတော့တယ်။ ဒါပေမယ့် လမ်းမီးတိုင်တွေက အစီအရီနဲ့ ရှိနေတာကြောင့် ဖြာကျနေတဲ့အလင်းရောင်က Rick ရဲ့ခြေ‌လှမ်းတွေအောက်ထိ ရောက်နေခဲ့တယ်။

နွေဦးရာသီဆိုပေမယ့် ဆောင်းရဲ့ အကြွင်းအကျန်တွေက အနည်းငယ်အေးနေစေတုန်းပဲ။ Rick က သူ့ပုခုံးလေးတွေကို ကြုံ့လိုက်ပြီးတော့ ခြေလှမ်းတွေကို အရှိန်တင်လိုက်တယ်။

သုံးရက်လောက်မမြင်ခဲ့ရတဲ့ အိမ်ကြီးရှေ့ရောက်တော့ သူရပ်လိုက်တယ်။ အိမ်ကမြင့်လွန်းလို့‌ မော့ကြည့်ရင်းနဲ့ သူလည်ပင်းကျိုးတော့မလိုပဲ။ သူက အိတ်ထောင်ထဲက ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်ပြီး အထဲကအရာလေးတွေ ရှိနေသေးတာ သေ‌ချာအောင် စစ်လိုက်တယ်။

"...ဟုတ်ပြီ!"

သူက ပိုက်ဆံအိတ်ကို အိတ်ထောင်ထဲပြန်ထည့်လိုက်တယ်။ နောက်ထပ်ဖြစ်လာမယ့်အရာအတွက် အားပေးသလိုပုံစံနဲ့ သူ့ပါးလေးတွေကို သူ့လက်တွေနဲ့ အသာပုတ်လိုက်တယ်။ ပြီးတော့ကာမှ သူ့လက်ညှိုးလေးက တုန်တုန်ရီရီနဲ့ တံခါးကဘဲလ်ကို နှိပ်လိုက်တယ်။

"ဒင်း....ဒေါင်"

တံခါးဘဲလ်သံ ခပ်သဲ့သဲ့ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဆက်တိုက်ဆိုသလိုပဲ ခြံတံခါးကပွင့်သွားတယ်။ သေချာပေါက်၊ လာဖွင့်ပေးတဲ့သူက Davis ပေါ့။

"Rick-san!"

သူက Rick နာမည်ကို ခေါ်လိုက်တဲ့အခါ ရုတ်တရက်ကြီး တံခါးပွင့်သွားလို့ အလန့်မပြေသေးတဲ့ Rick က ကိုယ်လေးတောင် ဆတ်ခနဲတုန်တဲ့အထိ လန့်သွားရပြန်တယ်။

"အူးဝါး..."

"အာ..ဆောရီး၊ ပြန်လာတာ နောက်ကျလိုက်တာ..အဆင်ပြေရဲ့လား"

Rick တံခါးဘဲလ်နှိပ်လိုက်တာနဲ့ ချက်ချင်းလာဖွင့်တာကို ထောက်ရင်တော့ ဒီဝက်ဝံကြီးက ဧည့်ခန်း ဒါမှမဟုတ် အိပ်ခန်းထဲမှာ နားနေတာမဟုတ်ဘဲ တံခါးမကြီးနားမှာ ထိုင်စောင့်နေတာတောင် ဖြစ်နိုင်လောက်တယ်။

နွေဦးရောက်တဲ့အထိစောင့်ပေးပါ (Complete)Where stories live. Discover now