9

4.1K 745 55
                                    

အာဝါးပေးလို့ရလား

နောက်တစ်ကြိမ် Rick ပြန်နိုးလာတဲ့အခါ သူက Davis ရဲ့မျက်နှာနားရောက်နေတယ်ဆိုတာ သတိထားမိလိုက်တယ်။

အတိအကျပြောရရင်တော့ သူက ‌Davis ရဲ့ခေါင်းကို ရင်ခွင်ထဲမှာဖက်ထားခဲ့တာ။

ထိုသူ့ပုံစံကအေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ပုံပေါ်ပေမယ့် Rick ကတော့ သူအသက်ရှူကြပ်နေမှာဘဲလို့ တွေးမိတယ်။ အားနာစိတ်နဲ့အတူ Davis ရဲ့ခေါင်းကို သူလွတ်ပေးလိုက်တော့ ဒီတစ်ခါအဖက်ခံရတာက သူဖြစ်သွားပါလေရော။ Davis က သူ့ကိုယ်ကိုဆွဲယူပြီး သိမ်းကြုံးဖက်ထားလိုက်တာ။ သူ့ရဲ့ရှဉ့်အမြီးလေးကို သူဖက်သလိုမျိုး၊ Davis ရင်ခွင်ထဲမှာ အဖက်ခံနေရတာ။

သူနည်းနည်းလောက် ရုန်းဖို့ကြိုးစားပေမယ့်လည်း ရင်ခွင်ထဲကအနွေးဓာတ်ကြောင့် မျက်စိစင်းလာပြီး ပြန်အိပ်ပျော်သွားတယ်။

ဒီလိုနဲ့ပဲ ထပ်ခါထပ်ခါ၊ အိပ်လိုက်၊နိုးလိုက်၊အခွံမာသီးလေးတွေစားလိုက်၊ ရေချိုးလိုက်နဲ့...။

Davis ကိုသွားဖက်လိုက်၊ Davis ကလာဖက်တာခံရလိုက်၊ အချင်းချင်းဖက်လိုက်၊ ရင်ခွင်ထဲမှာ ကွေးကွေးလေးဝင်အိပ်လိုက်နဲ့...။

အိပ်ယာပေါ်မှာလုံးထွေးလိုက်၊ ဆင်းလိုက်တက်လိုက်နဲ့ နှစ်ယောက်သားက ဆောင်းခိုရာသီကို နွေးနွေးထွေးထွေးနဲ့ ဖြတ်သန်းနေကြတယ်။

Rick အိမ်မက်တွေအများကြီးမက်ခဲ့တယ်။ အရင်ကအကြောင်းတွေ၊ အလုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေ၊ မိဘတွေရဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေရဲ့အကြောင်းတွေနဲ့... Davis ရဲ့အကြောင်း။

တစ်ရက် သူမြင်ခဲ့ရတဲ့အိမ်မက်ကတော့ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။

Davis သူ့ကိုပြောပြခဲ့တဲ့ ငယ်ဘဝအကြောင်းကြောင့် သူစိတ်စွဲနေတာဖြစ်မယ်။ ဒါပေမယ့် အဲ့ဒီအိမ်မက်က ကလေးကာတွန်းကား ကြည့်နေရသလိုပဲ။

အိမ်မက်ထဲမှာ ဝက်ဝံပေါက်လေးဖြစ်‌ေနတဲ့ Davis က မီးသတ်ကားကြီးကို မောင်းနေခဲ့တာ။ ပြီးတော့ ထူးဆန်းတယ်၊ ရှဉ့်ပေါက်ကလေး Rick ကလည်း မီးသတ်သမားဖြစ်နေခဲ့တာတဲ့။ မီးလောင်နေတဲ့ သတင်းကိုကြား‌တဲ့အခါ သူတို့နှစ်ယောက်က အမြန်ထပြီး မီးသတ်ကားကြီးပေါ်ကို ခုန်တက်ကြတယ်။ ကားစတီယာရင်တိုင်က ကလေးလေးဖြစ်နေတဲ့ ဝက်ဝံDavis ထက်ကိုအများကြီး ပိုကြီးနေတာ။ ဒါပေမယ့် သူကအဲ့တာကြီးကို ကိုင်ပြီးမောင်းနေခဲ့တယ်။ ရှဉ့်ကလေးRick ကတော့ သူ့ဘေးမှာထိုင်ရင်း မီးသတ်ကားဥဩအစား ခေါင်းလောင်းတစ်ခုကို ကလောင်‌၊ကလောင်မြည်‌ေအာင် တီးနေခဲ့တာ။

နွေဦးရောက်တဲ့အထိစောင့်ပေးပါ (Complete)Where stories live. Discover now