13

3.8K 690 6
                                    

ဆောင်းကုန်စပြုပြီ

ေနာက်ပိုင်း Rick တို့ကတော့ အိပ်နေခဲ့တာချည်းပဲ။ နွေဦးကျရင် အညှောင့်ပေါက်ဖို့‌ မြေကြီးထဲကစောင့်နေတဲ့ သစ်စေ့လေးတွေလိုပေါ့။

မူလကတည်းက ဆောင်းခိုသတ္တဝါတွေက အဲ့လိုပါပဲ။ ဒါ့အပြင် ‌အပြင်ထွက်လိုက်တာကြောင့်ရော၊ အကြာကြီးနိုးနေပြီး စကားပြောနေခဲ့တာကြောင့်ရော အားလုံးပေါင်းပြီး အားကုန်သွားပုံရတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ အချိန်အများစုမှာ သူတို့က အိပ်ပျော်နေလျက်သားပဲ။ တစ်ခါတစ်လေတော့ မျက်လုံးမဖွင့်ဘဲ အစာထစားတယ်၊ အိပ်ချင်မူးတူးနဲ့ ရေထချိုးတယ်၊ ပြီးရင် ပြန်အိပ်တယ်။ ဒီလိုနဲ့ပဲ သံသရာလည်နေခဲ့တယ်။

ဒါပေမယ့် နွေဦးရောက်ဖို့ နီးလာတာနဲ့အမျှ သူတို့နိုးလာတဲ့အချိန်တွေက ခပ်စိပ်စိပ်ဖြစ်လာတယ်။ ဆောင်းကုန်တော့မယ်ဆိုတာကို ခံစားလို့ရလာခဲ့တယ်။

မနက်၊နေ့လည်၊ညနေ တစ်နေကုန်အိပ်နေတဲ့အချိန်တွေနဲ့မတူဘဲ တစ်ရက်မှာတော့ Rick မနက်အစောကြီး နိုးလာခဲ့တယ်။ ဒါဟာ ဆောင်းခိုခြင်းပြီးဆုံးတော့မယ်ဆိုတဲ့ သင်္ကေတပဲ။ Davis အတွက်လည်း အဲ့တာက အတူတူပဲဖြစ်မယ်ထင်ပါတယ်။ Rick နိုးလာတဲ့အခါ Davis လည်း နိုးနေတတ်တာမျိုးက အကြိမ်ရေများလာတယ်။

"ထမင်းဟင်း ချက်ပေးရမလား" လို့ Rick လည်း မကြာခဏမေးတတ်လာပြီ။ နေ့တိုင်း၊ အနပ်တိုင်းကို ချက်ပေးတာတော့ မဟုတ်ပေမယ့် နှစ်ရက်ကိုတစ်ခါလောက်၊ ကျယ်ဝန်းလှတဲ့မီးဖိုချောင်ထဲမှာ ရပ်ရင်း လွယ်လွယ်ကူကူချက်လို့ရတဲ့ ဟင်းတွေိကို ပြင်ပေးတတ်တယ်။

ဟင်းအမယ်ကတော့ ရွေးချယ်စရာများလှတယ်မဟုတ်ပါဘူး။ သိတဲ့အတိုင်း၊ သူတို့လည်း အပြင်ထွက်ပြီး ဈေးသွားဝယ်တာမှ မဟုတ်တာ။ အိမ်မှာရှိနေသမျှနဲ့ အဆင်ပြေအောင်ပဲ ချက်ပေးရတာမျိုး။ ဒါပေမယ့် Davis ကတော့ သူဘာပဲချက်ပေးပေး၊ အရသာရှိတယ်လို့ ပြောတတ်ပြီးတော့ အမြဲ ကုန်အောင်စားပေးတယ်။ အခွံမာသီး‌ေတွကိုနှပ်ထားတဲ့ဟင်းကိုတော့ Davis အကြိုက်ဆုံးထင်တယ်။

ဟင်းအမယ်ကတော့ ရွေးချယ်စရာများလှတယ်မဟုတ်ပါဘူး။ သိတဲ့အတိုင်း၊ သူတို့လည်း အပြင်ထွက်ပြီး ဈေးသွားဝယ်တာမှ မဟုတ်တာ။ အိမ်မှာရှိနေသမျှနဲ့ အဆင်ပြေအောင်ပဲ ချက်ပေးရတာမျိုး။ ဒါပေမယ့် Davis ကတော့ သူဘာပဲချက်ပေးပေး၊ အရသာရှိတယ်လို့ ပြောတတ်ပြီးတော့ အမြဲ ကုန်အောင်စာ...

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.
နွေဦးရောက်တဲ့အထိစောင့်ပေးပါ (Complete)Tahanan ng mga kuwento. Tumuklas ngayon