ချမ်းေအးလှတဲ့ကောင်းကင်အောက်မှာ
Rick က အချိန်အတော်ကြာ မှင်သက်နေခဲ့ပြီးနောက်မှာ ထိတ်လန့်မှုနဲ့အတူ သူ့အမြီးကိုယမ်းလိုက်တယ်။
"ဟမ်...ဟမ်?"
သူက ဘာလုပ်ရပါ့လို့တွေးပြီး အိပ်ေနရာက ထလိုက်တယ်။ အိပ်ယာပေါ်မှာရှိနေတုန်းပဲဆိုတာ သတိဝင်တဲ့အခါ အိပ်ယာပေါ်မှာပဲ ထိုင်လိုက်တယ်။ ထိုင်နေရာကနေ အိပ်ရာပေါ်မှာပဲ မတ်တပ်ထရပ်လိုက်ပြီးတော့ နောက်မှ ကုတင်အောက်ကို ဆင်းလိုက်တယ်။
"အယ်? အယ်? အမ်..? အယ်!!!!????"
စကားမဟုတ်တဲ့စကားတွေကို ပြောနေရင်းနဲ့ သူက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ထားခဲ့တယ်။ အဲ့ပုံစံအတိုင်း အခန်းထဲမှာ ပတ်ပြေးနေရင်းနဲ့ နောက်တော့ သတိရသွားပြီး သူ့နှုတ်ခမ်းကိုလက်ချောင်းလေးတွေနဲ့ ထိကြည့်လိုက်တယ်။
"အမ်? ငါ... Davis-san နဲ့...အယ်!!!??"
နမ်းခဲ့တာ!!
အထင်မှားစရာအကြောင်းမရှိဘူး။ ခုနက သူ့ရဲ့ဒီနှုတ်ခမ်းတွေနဲ့ Davis ရဲ့နှုတ်ခမ်းတွေက ထိနေခဲ့တာ။ အကြိမ်ပေါင်းများစွာ၊ ခဏ ခဏ။
လျှာကြီးတောင် အထဲထိဝင်လာခဲ့သေးတာ!!
"အားးးးးးးးးး"
Rick က ဘာလုပ်ရမှန်းတောင်မသိတော့ဘဲ အဲ့နေရာမှာတင် ဝိုင်းကြီးပတ်ပတ် ပြေးနေခဲ့တာ။ သူ့ပါးတွေကို လက်ဝါးနှစ်ဖက်နဲ့ဖိညစ်ထားခဲ့ပြီး မျက်နှာကတော့ လံုးဝကို နီရဲနေခဲ့လေတယ်။
အသက်ရှူရခက်တယ်၊ နှလုံးသားက နာကျင်နေတယ်၊ ရှက်တယ်၊ အကြောင်းပြချက်ရယ် မရှိပါဘဲနဲ့ ဒီတိုင်း ပျောက်ကွယ်သွားလိုက်ရင်...
"ငါ့...ငါ့ရဲ့.."
တဆတ်ဆတ်တုန်နေတဲ့ သူ့ရဲ့နှုတ်ခမ်းတွေကို Rick က သွားကြားထဲမှာ ဖိကိုက်ထားလိုက်တယ်။ အားပြင်းတာကြောင့် နှုတ်ခမ်းသားတွေက စပ်လာပေမယ့် သူကတော့နာကျင်ရမယ့်အစား ပိုလို့တောင်ရင်တုန်သွားသေးတယ်။
"...ပထမဆုံးအနမ်းပဲ!"
Rickက နှလုံးသားထဲကနေ အော်လိုက်တယ်။ ဟုတ်တယ်၊ အဲ့တာက သူမွေးလာပြီးကတည်းက မိသားစုဝင်မဟုတ်တဲ့သူနဲ့နမ်းတဲ့ အနမ်းဦးပဲ။
![](https://img.wattpad.com/cover/312334550-288-k142761.jpg)
BẠN ĐANG ĐỌC
နွေဦးရောက်တဲ့အထိစောင့်ပေးပါ (Complete)
Viễn tưởngဆောင်းရာသီရောက်တော့မှာဖြစ်တဲ့အတွက် ရှဉ့်လူသားလေး Rick ဟာ ဆောင်းခိုဖို့အတွက် ပြင်ဆင်နေခဲ့တယ်။ ဒါပေမယ့် ဆောင်းခိုရာသီတရားဝင်မစတင်မှီ တစ်ရက်မှာပဲ သူ့အိမ်လေးက မီးလောင်မှုထဲပါသွားခဲ့ပြီး သူဝယ်ယူစုဆောင်းထားခဲ့သမျှ အခွံမာသီးလေးတွေ၊ သူ့ရဲ့စောင်လေးတွေ၊ ဆိုဖ...