wifi ပြန်ပိတ်ပြီး နာကျင်မှုကို ရင်ဝယ်ပိုက်ရင်း အိပ်ရာပေါ်လှဲချကာ မျက်လုံးတွေကို မှေးစေလိုက်တယ် အစ်မ ကိုလဲ ဘာစာမှမပြန်မိတော့သလို ဖေဖေနဲ့မေမေကိုလဲ ဖုန်းမပြောဖြစ်ပဲ အိပ်စက်ခြင်းမှအိပ်ပျော်ခြင်းဆီဖြစ်သွားတော့သည် ကျေးဇူးပြုပြီး အိပ်မက်ထဲတော့မလာပါနဲ့ အစ်မ ရယ် အိပ်ပျော်ချိန်လေးမှာတော့ နာကျင်နေရတဲ့စိတ်နဲ့နှလုံးသားလေးကို အနားပေးချင်ပါရဲ့.......
alarmပေးနေကျ6:45am အချိန် မမြည်ခင်မှာပင် မိုင်း နိုးလာလေသည် အပြင်ကို ကြည့်တော့ အလင်းလေးက ခပ်မှုံမှုံရယ် နာရီကြည့်လိုက်တော့ 5:39am နိုင်း ရဲ့ စာကျက်သံကိုတော့ သဲ့သဲ့လေး ကြားနေရတယ် အောက်ထပ်မှာ မမကြီး က ထမင်းအိုးတည်ဖို့ဆန်ဆေးနေတဲ့အသံလားမသိဘူး အဲ့ဒါလဲ ကြားနေရတယ် ပုံမှန်ဆို ဒီချိန် မနိုးသေးတာ မိုင်း တစ်ယောက်ပဲ ရှိမယ် နိုးလဲပြန်အိပ်တာရယ် ဒီနေ့တော့ ထူးထူးခြားခြား ပြန်အိပ်မချင်နေဘူး ဖုန်းကိုင်ပြီး လိုင်းသုံးမယ်ကြံလိုက်ပေမယ့် လူနုံးသွားမှာဆိုးလို့ ထိုစိတ်ကူးအားဖျတ်၍ မျက်နှာသစ် သွားတိုက်ရန် အိပ်ရာမှ ထလိုက်တော့သည် ထထချင်းပဲ ဖုန်းဝင်လာလေသည်
- အာ ဘယ်သူလဲဟာ စောစောစီးစီး
ခေါင်းကို ခပ်ကြမ်းကြမ်းတစ်ချက်ကုတ်ပြီးဘယ်သူဘယ်ဝါကြည့်မနေတော့ပဲ ဖုန်းအားကိုင်လိုက်လေသည်
- ဟဲလို ဘယ်သူလဲ မသိဘူး
- မိုင်း ရောက်နေပြီလား အစ်မ ထွက်လာကြိုလှည့်မယ်လေ
- ဟာ စောစောစီးစီး ဘာတွေလာပြောနေတာလဲ မလာဘူးလို့ ပြောနေတယ်လေ အစ်မ က မိုင်းကို ဘာထင်နေတာလဲ အစ်မ မှာ ရည်းစားရှိနေရက်နဲ့ မိုင်း အစ်မအပေါ်မှာခံစားချက်ရှိနေသေးတာ သိနေရက်နဲ့ ဘာဖြစ်ချင်နေတာလဲ မိုင်း ဘဝ ကို အစ်မ စိတ်ကြိုက်ခြယ်လှယ်လို့ မဝနိုင်သေးဘူးလား ဘယ်ချိန်ထိ ဘယ်ချိန်ထိ........
မိုင်း လဲ မနက်စောစောစီးစီး စိတ်ကလဲမကြည် ညက အစ်မ acc က relationship ကြီးလည်း ခေါင်းထဲ ရောက်လာလို့ စိတ်တိုကာ စိတ်လွတ်ပြီး ပြောမိပြီးကာမှ လွန်များသွားလား ဆိုပြီး ပြန်ထိန်းလိုက်တော့သည် အစ်မ ကတော့ တိတ်ဆိတ်လျက် မိုင်းမမှားဘူး မိုင်း ပြောသင့်နေတာပြောလိုက်မိရုံပဲလို့ စိတ်ထဲတွေးမိပေမယ့် စိတ်မကောင်းတော့ဖြစ်နေမိသည်
-အစ်မ ကို မိုင်း မုန်းသလား
တိတ်ဆိတ်နေတဲ့ အစ်မ က ထိုသို့မေးလာတော့လဲ မိုင်း မှာ ပူထူစွာ ပျာပျာသလဲ
- မဟုတ်ဘူးလေ မဟုတ်သေးဘူး အစ်မ
မိုင်း အစ်မ ကြားအောင် တမင် အော်ရယ်လိုက်လေသည်
- မေးတက်ပါ့ အစ်မ ရယ်
မသိလို့ မေးသလား
အစ်မရဲ့အမေးအား အမေးနဲ့သာ ပြန်တုံ့ပြန်လိုက်တော့သည်
အစ်မရဲ့အသက်ရှူသံခပ်ပြင်းပြင်းကိုကြားလိုက်ရပြီးနောက်တွင်
- အစ်မ က ရော ရည်းစားဟောင်းတိုင်းနဲ့ အခုလို ပက်သက်ဆက်နွယ်ပြီး မိုင်း ကို တောင်းဆို သလိုတွေ တောင်းဆိုနေမယ်ထင်သလား မိုင်း ကိုလိုမျိုး မိုင်း မဟုတ်တဲ့အခြားတစ်ယောက်ကို အစ်မ က သတိတရရှိနေမယ်ထင်သလား အစ်မ ကလေ....
နောက်ဆုံးစကားမှာ တုန်သွားပြီးရှိုက်လိုက်တဲ့အစ်မ အသံအား ကြားလိုက်ရလေသည် မိုင်း များ နားကြားမှားသလား အစ်မ အခုလို ပွင့်ပွင့်လင်းလင်းပြောတာဟာ ဒါပထမဉီးဆုံးပါ မိုင်းဘာပြန်ပြောရမလဲမသိ မိုင်း အစ်မ ကို နှစ်သိမ့်ပေးရမှာလား မိုင်း ပြောလိုက်မိတာအတွက် တောင်းပန်သင့်လား မိုင်း ဗြာများစွာ စဉ်းစားနေတုန်းမှာ အစ်မ က ဆက်ပြောလာလေသည်
အစ်မ ရဲ့ သက်ပြင်းချသံ ကို ကြားပြီးတဲ့နောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အသံလေးဟာ ညှိုးငယ်နေသလိုလို နာကျင်နေသလိုလို
- မိုင်း ကိုပဲ အစ်မ လိုအပ်နေလို့ပါ
အခုချိန် အစ်မ နားမှာ ရှိရမယ့်သူက မိုင်း ဖြစ်နေမြှဖစ်မှာမလို့ပါ
အစ်မ ဘာတြွေဖစ်နေလဲ မသိပေမယ့် "အခုချိန်" ဆိုတဲ့ စကားတော့ မိုင်း ကသိကအောင့် ဖြစ်ပေမယ့် လျစ်လျူရှုပြီးသာ နေလိုက်ပါတော့တယ် အစ်မ လိုအပ်နေချိန်ရှိပေးရုံပေါ့
အင်းးးအစ်မ လိုအပ်နေချိန်လေးပေါ့
- ကောင်လေး နဲ့ အဆင်မပြေဘူးလား
- ........
-ထားပါတော့ မိုင်း ရေချိုးတော့မယ် ဒါပဲနော်
အာ လာမယ့်ရက် အတိအကျ ပြန်ပြောမယ်
အဲ့လိုပြောပြီး အစ်မ ဆီက အဖြေကို မစောင့် မိုင်း ဖုန်းချလိုက်လေတော့သည် ဖုန်းချလိုက်ပြီးနောက်
ရင်ဘတ်ထဲ တင်းကြပ်နေတဲ့ ခံစားချက် က ဘယ်လိုပါလိမ့် ရင်ဘတ် ကို လက်နဲ့ဖိထားကာ အသက်ကို ပုံမှန်ရှူ ရင်း အတွေးတွေက အတိတ်နေ့ရက်တွေဆီ.............
YOU ARE READING
^^The last choice^^
RomanceUnicode/Zawgyi အစ်မ ရဲ့ မေတ္တာမြှားဉီးတွေက ဒီကောင်မလေး ဘက်လှည့်လှည့်လာပြီး ပစ်လွှတ်လိုက်တဲ့အခါ အမြဲတခြားတစ်ယောက်ဖြစ်နေတတ်တာ မျှော်လင့်ချက်သာ ရှိရင်လေ နောက်ဆုံးပစ်လွှတ်တဲ့ အစ်မ ရဲ့ချစ်ခြင်းတရားတွေ အတွက်တော့ ညီမကိုသာ ဉီးတည်ပစ်စေချင်တယ် >>>>>>>>>>>>>>>...
အပိုင်း( ၃ )
Start from the beginning
