***Unicode***
- အစ်မ ဆီ မိုင်း ရောက်လာမယ်ဆိုတာ သိတယ်
- တကယ်ကို အရမ်းသေချာနေပါရောလား
စိတ်ဆိုးဆိုးနဲ့ reply ပြန်လိုက်တယ် ဒီတစ်ခါတော့ အစ်မ က စာချက်ချင်းပြန်ရေးလာရဲ့
- မိုင်း စိတ်ကို အစ်မ က သိတယ်လေ အပြင်မှာတွေ့မှ မျက်နှာချင်းဆိုင်ပြီး စကားအများကြီးပြောရအောင် လာခဲ့နော်
အစ်မ က စာရေးရတာပျင်းတယ်လို့ ခဏခဏပြောဖူးတယ် တော်ရုံ reply မပြန်တက်ပါဘူး အခုမှ ဘယ်လိုဖြစ်နေတာပါလိမ့် အစ်မ ရော ဟုတ်ရဲ့လား
မိုင်းအတွေးများမဆုံးခင်
- အာ စာရေးရတာ ပျင်းပါတယ်ဆို အများကြီး ရေးမိသွားပြီ လာခဲ့ လာခဲ့ ရောက်လာမယ်ဆိုတာသိတယ်
ပြောရင်းဆိုရင်း အစ်မ က အဲ့လိုမျိုးပါဆို
တဇွတ်ထိုးဆန်တဲ့ပုံလေးကလဲ ချစ်စရာလို့ မြင်နေမိတော့ ခက်လှချည်ရဲ့
ရုတ်တရက်ဆိုသလို အတွေးတစ်ခုက ဖျတ်ခနဲဝင်လာ၍wifi ဖွင့်ပြီး fb app လေးကို လျင်မြန်စွာနှိပ်ရင်း Search မှာ နာမည်တခုအားရိုက်ရှာလိုက်လေသည်
မထူးခြားသွားပါဘူး သဲတစ်မှုံစာလောက်သေးတဲ့မျှော်လင့်ချက်လေးဟာ လေထဲကိုလွှင့်စင်သွားတော့သည် တခြားမဟုတ် အစ်မ က ခုလို ကိုယ့်ဘဝထဲပြန်ပေါ်လာတော့ အစ်မကောင်လေးနဲ့များပြတ်သွားပြီလား ဆိုတဲ့အတွေးနဲ့ ဝင်ကြည့်မိခဲ့တာ အဖြေကို သိနေသားနဲ့ သိနေရက်ဖြစ်နေသားနဲ့ သဲတစ်မှုံလောက်မျှော်လင့်ချက်လေး ထားခဲ့မိတာဟာ ''In a relationship bhone Khant´´ ဆိုတဲ့ စာတန်းလေး က မိုင်း ကို လှောင်နေလေရဲ့
မိုင်း အသံထွက်စွာအော်ရယ်မိလိုက်တယ် ကိုယ့်ကိုယ်ကိုလဲ ပြန်လှောင်မိရင်း နာကျင်မှုတွေ သက်သာလို သက်သာငြားပေါ့ မိုင်း နှုတ်ခမ်းကပြုံးပြီး အော်ရယ်မိလိုက်တာပါ ဒါပေမယ့်လဲ ရင်ထဲကနာကျင်မှုကြောင့် မငိုပါပဲ ရယ်နေရးလျက် မျက်ဝန်းထဲက မျက်ရည်က စီးကျလာလေရဲ့ အစ်မနဲ့ပက်သက်ရင်လေ အမှတ်တရတွေ ဟောင်းသွားဖို့ မပြောနဲ့ နာကျင်မှုက အစ အသစ်အတိုင်း အမြဲလတ်ဆတ်နေတုန်း တမင်မေ့ထားပြီးနေနေရပါတယ်ဆိုတဲ့လူကို နေသားလေးကျလာပြီဆို အစ်မ က အသစ်အဖြစ် ပြန်စပေးတယ် အစ်မ ကြားနိုင်မယ်ဆိုရင်လေ လှမ်းအော်ပြီးသာ ခပ်ရွဲ့ရွဲ့ပြောလိုက်ချင်တယ် အရမ်းကျေးဇူးတင်ပါတယ် လို့
YOU ARE READING
^^The last choice^^
RomanceUnicode/Zawgyi အစ်မ ရဲ့ မေတ္တာမြှားဉီးတွေက ဒီကောင်မလေး ဘက်လှည့်လှည့်လာပြီး ပစ်လွှတ်လိုက်တဲ့အခါ အမြဲတခြားတစ်ယောက်ဖြစ်နေတတ်တာ မျှော်လင့်ချက်သာ ရှိရင်လေ နောက်ဆုံးပစ်လွှတ်တဲ့ အစ်မ ရဲ့ချစ်ခြင်းတရားတွေ အတွက်တော့ ညီမကိုသာ ဉီးတည်ပစ်စေချင်တယ် >>>>>>>>>>>>>>>...
