အပိုင်း ( ၁ )

29 7 1
                                        

***Unicode***

အုံ့မှိုင်းလာတဲ့ ကောင်းကင်ယံ နဲ့အတူ သံစဥ်ပမာရွာချလာတဲ့ မိုးရေစက်လေးတွေ တစ်ပြိုင်ထဲထွက်ပေါ်လာတဲ့ မြေသင်းနံ့ အဲ့လိုချိန်မှာ coffee လေးတစ်ခွက်နဲ့ကိုယ် အဖော်အနေနဲ့ကတော့အဆွေးဓာတ်လေးပေါ့....

မြင်နေကျ ကြုံနေကျ ဖြစ်ပေမယ့်လဲ မရိုးနိုင်တဲ့ သဘာဝနဲ့နေထိုင်မှုပုံစံလေး အမြဲလည်ပတ်ပြီးရင်းလည်ပတ်နေလဲ သဘောကျနေမိတယ် အစ်မ ကို လိုမျိုးပဲပေါ့ ရုတ်တရက် ကိုယ့်ဘဝထဲပြန်ပေါ်လာတယ် ဟော ပြန်ပျောက်သွားပြန်တယ် အမြဲတမ်း ကိုယ့်ရပ်ဝန်းမှာ ဒီလိုလည်ပတ်နေတဲ့ အစ်မ ကို မရိုးနိုင်အောင် ထပ်တလဲလဲချစ်မိနေခဲ့တာပဲ အစ်မ အကြောင်းတွေ တွေးမိနေပေမယ့် အဆက်သွယ်လဲမလုပ်သလို အစ်မ နဲ့ သက်ဆိုင်တဲ့ ဘယ်အရာမှလဲ ရှာဖွေမကြည့်ဘူး Fb acc လား တခါမှကိုမကြည့်ဘူး တခါတလေ မချစ်တော့ဘူးထင်နေမိပြီး တခါတလေ အစ်မ ဘယ်ချိန် ကိုယ့်ဘဝထဲ ပြန်ပေါ်လာမလဲ မျှော်လင့်နေမိတာ ဒီခံစားချက်မျိုးက ဘယ်လိုပါလိမ့်နော်
ကြည့်စမ်းပါဦး အစ်မ အကြောင်းတွေးမိပြီဆို မေးခွန်းတွေသိပ်များတယ်

မိုင်း တချက်ပြုံးလိုက်မိပြီး....ပါးစပ်က အသံထွက်ခါ သက်ပြင်းချ၍

- အင်းးးအစ်မ ဆိုတဲ့ ရပ်ဝန်းနဲ့တော့ ခက်ပါတယ်လေ

- မိုင်း ရေ ဟဲ့ မိုင်း

- ရှိနေပါတယ်ဟယ် ပြဲလန်အောင် အော်မနေနဲ့ ဆုပြည့် နင်လဲလေ ငါ့အိမ်ကို တံခါးမရှိသလို ဝင်ထွက်နေတာပဲ

-နင် သင်တန်းလဲ မလာဘူးလေ ငါသင်တန်းက ပြန်လာတော့ နင့် အမ ကို ခြံထဲမှာတွေ့တာ မိုင်းတစ်ယောက်ဖျားနေတယ်ဆိုလို့ အမယ်လေး ငါက သေတော့မှာလားလို့ ကြည့်တော့ အလတ်ကြီးရှိပါသေးတယ်

- ခွေးစုတ်မ ကိုယ့်သူငယ်ချင်းချောချောလေးကို နတ်ပြည်သွားစေချင်နေပြီလှ

- နင်လား နတ်ပြည်ရောက်မှာ သြော် ဒါနဲ့ ငါပြောမလို့ သင်တန်းမှာလေ နင့်ကိုကိုက နင်မလာလို့ဆိုပြီး စိတ်တွေပူနေတာ ငါ့ကို အားဆေးနဲ့မုန့်တောင် ဝယ်ထည့်ပေးလိုက်သေး အမှန်ဆို သူကိုယ်တိုင်တောင် နင့်အိမ်​​ရောက်လာမလား မသိပါဘူး ငါက အ​​ပြန် နင့်အိမ်ဝင်မှာ ဝင်ပေးပေးပါ့မယ်ပြောပြီး ယူလာလိုက်တာ အမယ်လေး နင့်ဘဲကြီးက ချစ်တက်လိုက်တာနော် ငါလေး အားကျ

^^The last choice^^Where stories live. Discover now