-အစ်မ ကို မိုင်း မုန်းသလား
တိတ်ဆိတ်နေတဲ့ အစ်မ က ထိုသို့မေးလာတော့လဲ မိုင်း မှာ ပူထူစွာ ပျာပျာသလဲ
- မဟုတ်ဘူးလေ မဟုတ်သေးဘူး အစ်မ
မိုင်း အစ်မ ကြားအောင် တမင် အော်ရယ်လိုက်လေသည်
- မေးတက်ပါ့ အစ်မ ရယ်
မသိလို့ မေးသလား
အစ်မရဲ့အမေးအား အမေးနဲ့သာ ပြန်တုံ့ပြန်လိုက်တော့သည်
အစ်မရဲ့အသက်ရှူသံခပ်ပြင်းပြင်းကိုကြားလိုက်ရပြီးနောက်တွင်
- အစ်မ က ရော ရည်းစားဟောင်းတိုင်းနဲ့ အခုလို ပက်သက်ဆက်နွယ်ပြီး မိုင်း ကို တောင်းဆို သလိုတွေ တောင်းဆိုနေမယ်ထင်သလား မိုင်း ကိုလိုမျိုး မိုင်း မဟုတ်တဲ့အခြားတစ်ယောက်ကို အစ်မ က သတိတရရှိနေမယ်ထင်သလား အစ်မ ကလေ....
နောက်ဆုံးစကားမှာ တုန်သွားပြီးရှိုက်လိုက်တဲ့အစ်မ အသံအား ကြားလိုက်ရလေသည် မိုင်း များ နားကြားမှားသလား အစ်မ အခုလို ပွင့်ပွင့်လင်းလင်းပြောတာဟာ ဒါပထမဦးဆုံးပါ မိုင်းဘာပြန်ပြောရမလဲမသိ မိုင်း အစ်မ ကို နှစ်သိမ့်ပေးရမှာလား မိုင်း ပြောလိုက်မိတာအတွက် တောင်းပန်သင့်လား မိုင်း ဗြာများစွာ စဥ်းစားနေတုန်းမှာ အစ်မ က ဆက်ပြောလာလေသည်
အစ်မ ရဲ့ သက်ပြင်းချသံ ကို ကြားပြီးတဲ့နောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အသံလေးဟာ ညှိုးငယ်နေသလိုလို နာကျင်နေသလိုလို
- မိုင်း ကိုပဲ အစ်မ လိုအပ်နေလို့ပါ
အခုချိန် အစ်မ နားမှာ ရှိရမယ့်သူက မိုင်း ဖြစ်နေမှဖြစ်မှာမလို့ပါ
အစ်မ ဘာတွေဖြစ်နေလဲ မသိပေမယ့် "အခုချိန်" ဆိုတဲ့ စကားတော့ မိုင်း ကသိကအောင့် ဖြစ်ပေမယ့် လျစ်လျူရှုပြီးသာ နေလိုက်ပါတော့တယ် အစ်မ လိုအပ်နေချိန်ရှိပေးရုံပေါ့
အင်းးးအစ်မ လိုအပ်နေချိန်လေးပေါ့
- ကောင်လေး နဲ့ အဆင်မပြေဘူးလား
- ........
-ထားပါတော့ မိုင်း ရေချိုးတော့မယ် ဒါပဲနော်
အာ လာမယ့်ရက် အတိအကျ ပြန်ပြောမယ်
အဲ့လိုပြောပြီး အစ်မ ဆီက အဖြေကို မစောင့် မိုင်း ဖုန်းချလိုက်လေတော့သည် ဖုန်းချလိုက်ပြီးနောက်
YOU ARE READING
^^The last choice^^
RomanceUnicode/Zawgyi အစ်မ ရဲ့ မေတ္တာမြှားဉီးတွေက ဒီကောင်မလေး ဘက်လှည့်လှည့်လာပြီး ပစ်လွှတ်လိုက်တဲ့အခါ အမြဲတခြားတစ်ယောက်ဖြစ်နေတတ်တာ မျှော်လင့်ချက်သာ ရှိရင်လေ နောက်ဆုံးပစ်လွှတ်တဲ့ အစ်မ ရဲ့ချစ်ခြင်းတရားတွေ အတွက်တော့ ညီမကိုသာ ဉီးတည်ပစ်စေချင်တယ် >>>>>>>>>>>>>>>...
အပိုင်း( ၃ )
Start from the beginning
