wifi ပြန်ပိတ်ပြီး နာကျင်မှုကို ရင်ဝယ်ပိုက်ရင်း အိပ်ရာပေါ်လှဲချကာ မျက်လုံးတွေကို မှေးစေလိုက်တယ် အစ်မ ကိုလဲ ဘာစာမှမပြန်မိတော့သလို ဖေဖေနဲ့မေမေကိုလဲ ဖုန်းမပြောဖြစ်ပဲ အိပ်စက်ခြင်းမှအိပ်ပျော်ခြင်းဆီဖြစ်သွားတော့သည် ကျေးဇူးပြုပြီး အိပ်မက်ထဲတော့မလာပါနဲ့ အစ်မ ရယ် အိပ်ပျော်ချိန်လေးမှာတော့ နာကျင်နေရတဲ့စိတ်နဲ့နှလုံးသားလေးကို အနားပေးချင်ပါရဲ့.......
alarmပေးနေကျ6:45am အချိန် မမြည်ခင်မှာပင် မိုင်း နိုးလာလေသည် အပြင်ကို ကြည့်တော့ အလင်းလေးက ခပ်မှုံမှုံရယ် နာရီကြည့်လိုက်တော့ 5:39am နိုင်း ရဲ့ စာကျက်သံကိုတော့ သဲ့သဲ့လေး ကြားနေရတယ် အောက်ထပ်မှာ မမကြီး က ထမင်းအိုးတည်ဖို့ဆန်ဆေးနေတဲ့အသံလားမသိဘူး အဲ့ဒါလဲ ကြားနေရတယ် ပုံမှန်ဆိူ ဒီချိန် မနိုးသေးတာ မိုင်း တစ်ယောက်ပဲ ရှိမယ် နိုးလဲပြန်အိပ်တာရယ် ဒီနေ့တော့ ထူးထူးခြားခြား ပြန်အိပ်မချင်နေဘူး ဖုန်းကိုင်ပြီး လိုင်းသုံးမယ်ကြံလိုက်ပေမယ့် လူနုံးသွားမှာဆိုးလို့ ထိုစိတ်ကူးအားဖျတ်၍ မျက်နှာသစ် သွားတိုက်ရန် အိပ်ရာမှ ထလိုက်တော့သည် ထထချင်းပဲ ဖုန်းဝင်လာလေသည်
- အာ ဘယ်သူလဲဟာ စောစောစီးစီး
ခေါင်းကို ခပ်ကြမ်းကြမ်းတစ်ချက်ကုတ်ပြီးဘယ်သူဘယ်ဝါကြည့်မနေတော့ပဲ ဖုန်းအားကိုင်လိုက်လေသည်
- ဟဲလို ဘယ်သူလဲ မသိဘူး
- မိုင်း ရောက်နေပြီလား အစ်မ ထွက်လာကြိုလှည့်မယ်လေ
- ဟာ စောစောစီးစီး ဘာတွေလာပြောနေတာလဲ မလာဘူးလို့ ပြောနေတယ်လေ အစ်မ က မိုင်းကို ဘာထင်နေတာလဲ အစ်မ မှာ ရည်းစားရှိနေရက်နဲ့ မိုင်း အစ်မအပေါ်မှာခံစားချက်ရှိနေသေးတာ သိနေရက်နဲ့ ဘာဖြစ်ချင်နေတာလဲ မိုင်း ဘဝ ကို အစ်မ စိတ်ကြိုက်ခြယ်လှယ်လို့ မဝနိုင်သေးဘူးလား ဘယ်ချိန်ထိ ဘယ်ချိန်ထိ........
မိုင်း လဲ မနက်စောစောစီးစီး စိတ်ကလဲမကြည် ညက အစ်မ acc က relationship ကြီးလည်း ခေါင်းထဲ ရောက်လာလို့ စိတ်တိုကာ စိတ်လွတ်ပြီး ပြောမိပြီးကာမှ လွန်များသွားလား ဆိုပြီး ပြန်ထိန်းလိုက်တော့သည် အစ်မ ကတော့ တိတ်ဆိတ်လျက် မိုင်းမမှားဘူး မိုင်း ပြောသင့်နေတာပြောလိုက်မိရုံပဲလို့ စိတ်ထဲတွေးမိပေမယ့် စိတ်မကောင်းတော့ဖြစ်နေမိသည်
YOU ARE READING
^^The last choice^^
RomanceUnicode/Zawgyi အစ်မ ရဲ့ မေတ္တာမြှားဉီးတွေက ဒီကောင်မလေး ဘက်လှည့်လှည့်လာပြီး ပစ်လွှတ်လိုက်တဲ့အခါ အမြဲတခြားတစ်ယောက်ဖြစ်နေတတ်တာ မျှော်လင့်ချက်သာ ရှိရင်လေ နောက်ဆုံးပစ်လွှတ်တဲ့ အစ်မ ရဲ့ချစ်ခြင်းတရားတွေ အတွက်တော့ ညီမကိုသာ ဉီးတည်ပစ်စေချင်တယ် >>>>>>>>>>>>>>>...
အပိုင်း( ၃ )
Start from the beginning
