ဒီလောက်ဖြစ်နေတာတောင်သူ့ကိုမပြောဘဲ ငြိမ်နေတဲ့ဂျောင်ကုကြောင့်ဒေါသလဲထွက်မိသလိုဝမ်းလည်းနည်းလာရသည်။
ဒီတိုင်းဆက်နေရင်အခြေအနေပိုဆိုးမှာဆိုးတာကြောင့်အိမ်ကိုအမြန်ပြေးရတော့တယ်
ဒီအချိန်မှာသူဟာအသုံးမဝင်တဲ့လူတစ်ယောက်ဖြစ်သွားတယ်။
.
.
.
.
"အိမ်တော်ထိန်းကြီး..လုပ်ပါအုံးဂျောင်ကု တစ်ကိုယ်လုံးအနီကွက်တွေထနေလို့""သခင်လေးကိုပုဇွန်ကျွေးမိလာတာလား"
"ဟုတ်လောက်မယ်ထင်တယ်ကျနော်တို့ပင်လယ်စာဝင်စားသေးတယ်"
"သွား...ဆေးသေတာထဲမှာ သခင်လေး အတွက်ဆေးသွားယူအမြန်!"
ပုခုံးပေါ်ကိုခေါင်းလေးမှီပြီးဖြူဖျော့ဖျော့ဖြစ်နေတဲ့jungkookကိုကြည့်ရင်း သူ့စိတ်တွေမအေးချမ်းနိုင်တော့...ဒါသူအသုံးမကျလို့ဖြစ်တာ..သူသာjungkookကြောင်းကိုဒီထပ်ပိုသိခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး
.
.
._________________ဆံပင်တွေကိုပွတ်သပ်ခံနေရတဲ့ခံစားချက် အိပ်နေရာကနေမျက်လုံးပွတ်သပ်ကြည့်လိုက်ရင်ကုတင်ပေါ်တွင်မေးထောက်ကာjungkookကထိုင်ကြည့်နေသည်။
တစ်ညလုံးမအိပ်ဘဲထိုကလေးကိုစိတ်ပူခဲ့တာအခုလိုနိုးလာပေးတော့ဝမ်းသာသွားတာ"ဟင့်..jungkookမင်းနေကောင်းပြီလား
ဘယ်နား နာနေသေးလဲ
ဗိုက်ကောအောင့်နေသေးလား..အနီကွက်တွေကရက်နည်းနည်းကြာမှ ပျောက်မယ်ထင်တယ် တောင်းပန်ပါတယ်ငါ့ကြောင့်ဖြစ်ရတာ""မငိုနဲ့လေ ငိုရအောင်ကိုကိုကလေးလေးလား"
"မင်းပုဇွန်နဲ့မတည့်မှန်းငါတကယ်မသိတာပါ..ငါကိုစိတ်မဆိုးပါနဲ့နော်ဂျောင်ကု"
"ဟော..ကျနော့်ပုံစံကစိတ်ဆိုးတဲ့ပုံပေါက်နေလို့လား ဟင်"
သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့jungkookကစိတ်ဆိုးနေတဲ့ပုံစံလည်းမပေါ်သူကသာ ကလေးလိုငိုယိုပြီးပြောနေတာ..ရှက်ဖို့ကောင်းချက်ပဲ
ကိုယ့်အဖြစ်ကိုပြန်စဥ်းစားရင်းနားရွက်ဖျားတွေပင်ရဲလာပြီ ဒါကိုသိတဲ့jumgkookကအသဲယားလွန်းလို့နှခေါင်းလေးတွေရှုံ့ထဲအထိ ရီသည်