"ခင်ဗျား...ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ ဒါခင်ဗျားအတွက်မဟုတ်ဘူး"

၆လွှာကို ၄ခေါက်တတ်လိုက်ဆင်းလိုက် လုပ်ခဲ့ရသည်မှာ ထိုကောင်မသောက်ရန်အတွက်မဟုတိပေ။ သို့ရာတွင် ထိုကောင်မမှာ တစ်လုတ်မျိုချပြီးဖြစ်သည်။ ဆုံလှည်ကုလားထိုင်တွင် ထိုင်နေသော Loeyမှာ တို့နှစ်ယောက်ကို ဘာမှမပြောပဲ ဆိတ်ဆိတ်ထိုင်ကြည့်နေ၏

"တစ်ချိန်ကျ CEO ကတော်ဖြစ်မှာပဲ ဒီလောက်သောက်ရုံလေးနဲတော့ ထိုအမျိုးသားလောင်းက တို့ကိုမငြိုငြင်ပါဘူး"

"စိတ်မကောင်းပေမဲ့လေ ကော်ဖီဖျော်တဲ့အခန်းမှာ ဇွန်းမတွေ့လို့ ကျွန်တော်လျှာလေးနဲ့တို့ပြီး ကော်ဖီကိုမြည်းလာတာ အဆင်ပြေလား"

"ဝေါ့ အော့.."

ရွံတတ်သော ချွဲမင်ဟီးမှာ ဟန်တောင်မဆောင်နိုင်ပဲ အိမ်သာထဲပြေးတော့သည်။ ကုလားထိုင်ပေါ်မှ Loey၏နှုတ်ခမ်းထောင့်စွန်းလေးသည် အပေါ်သို့ခပ်ရေးရေးတတ်သွား၏

"မင်းတကယ်အဲ့လိုမြည်းခဲ့တာလား"

"ရူးနေတာမလို့ အဲ့လိုမြည်းမှာလား..သူ့ကိုကြည့်မရလို့ တမင်ပြောလိုက်တာ"

"ကိုယ့်ကို အဲ့ကော်ဖီခွက်ယူခဲ့ပေးဦး"

ဘတ်ဟျွန်းသည် ကော်ဖီခွက်ကို ဆောင့်ကြီးအောင့်ကြီး ထိုးပေးလိုက်၏

"သူများသောက်ပြီးသားကို သောက်မလို့လား"

"ကိုယိသောက်ချင်လို့ ညထဲကမှာထားတာလေ"

ဘတ်ဟျွန်းသည်မပြောမဆိုနှင့် ခုံအောက်ရှိခွက်လွတ်တစ်ခုကို ငုံ့ယူလိုက်၏။ လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းလက်စွပ်လေးသည် လျောကနဲ အကျီအပြင်ဘက်ကော်လာတွင် တွဲလျက်လေးတင်သွားသည်။

"ဒီခွက်နဲ့သောက် သူ့ပါးစပ်နဲ့ထိပြီးသားကြီး"

"ဒါနဲ့ လည်ပင်းမှာ ဆွဲထားတဲ့လက်စွပ်ကွင်းလေးကလှတယ်နော် ဒီခေတ်ကိုယ်မြင်ဖူးတဲ့ကျောက်စိမ်းကွင်းလေးနဲ့မတူဘူး ဘယ်ကဝယ်ခဲ့တာလဲ"

ကော်ဖီခွက်ကိုပြောင်းထည့်ပေးနေသော ဘတ်ဟျွန်းလက်မှာ တုံ့ကနဲရပ်သွား၏။ တဆတ်ဆတ်တုန်ယင်လာခဲ့သော လက်တို့ကို မထိန်းချုပ်နိုင် ကျန်လက်တစ်ဖက်ဖြင့် ဟန်ဆောင်ဖိရင်း ဝဲတတ်လာသော မျက်ရည်တို့ကို မျက်တောင်ရှည်တို့ဖြင့် ပုတ်ခတ်သိမ်း၏

Imaginary Sphereحيث تعيش القصص. اكتشف الآن