အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၆

Start from the beginning
                                    

သူ့အတွက်တော့ စာမေးပွဲဟူသည် ဂိမ်းတစ်ခုနှင့် ဆင်တူသည်..။

လုံလောက်သည့် အချိန်တစ်ခုအတွင်း စိတ်ပိုင်းဖြတ်လိုက်လျှင်ပင် ဓားကို ကိုင်ဆွဲထားသည့် ကစားသမားတစ်ဦးကဲ့သို့ တိုက်ခိုက်နိုင်စွမ်းရှိသည့် မှတ်ဉာဏ်မျိုးရှိသော်လည်း..။

စာမလုပ်ထားသူ သူ့အဖို့ မိမိကိုင်ဆွဲလာသည့်ဓားဖြင့် ကိုယ်တိုင်သာ နုတ်နုတ်စင်းခံရန် စာမေးပွဲခန်းထဲ ညှိုးငယ်စွာ ဝင်သွားရမည့် စစ်သူရဲကဲ့သို့..။

ဟိုတစ်ရက်ကဆို စစ်ရှင်းခန့်သည် စာမေးပွဲခန်းထဲတွင် မျှော်လင့်ချက်များစွာဖြင့် သူ့အား မေးသေးသည်..။

("နံပါတ် ပုစ္ဆာရလား.." )

ခန့်မှာ စိတ်မကောင်းခြင်းများဖြင့် ခေါင်းခါပြလိုက်ရုံမှလွဲ ဘာမှမတတ်နိုင်ခဲ့..။

ပုစ္ဆာတစ်ပုဒ်၏ သီအိုရီအား သေချာနားလည်အောင် ကြည့်လိုက်ပြီးသည့်နောက်တွင်တော့ သူ၏ တွက်ကိန်းအရ အောင်မှတ်ရဖို့နီးပါး သေချာသွားပြီဖြစ်သော်လည်း ဘယ်ဘက်မှ တိုက်ခတ်လာသော လေအဝှေ့ကြောင့် တဖျတ်ဖျတ်လွင့်ကာ ပိတ်ကျသွားသည့် မိတ္တူစာရွက်တို့အား ပြန်လည်၍ ဖွင့်ကာ နောက်တစ်ကြိမ် အာရုံစူးစိုက်လိုက်မိပြန်သည်..။

ယခုထိတိုင် အတွေးထဲသို့ ဝင်လာသည့် ကတ္တီပါဖိနပ်သိုင်းကြိုး၏အရောင်မှာ ပြာလွင်နေလျက် ရှိလေသည်..။

____________

သူ၏ ထောပတ်သီးစိမ်းရောင် မွေ့ရာခင်းပေါ်မှ အဖြူရောင်ဒိုင်နိုဆောရုပ်ကလေးများထက် ပြန့်ကျဲနေသည့် နဒီ၏ အစင်းသားဆံပင်ရှည်များအား လက်ချောင်းကလေးများဖြင့် ထိုထိုဤဤ ဆော့ကစားနေသော ခန့်သည် ကျန်လက်တစ်ဖက်က မိုဘိုင်းလ်ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲကြည့်ရှုနေလျက် နံရံတွင် ပျင်းရိပျင်းတွဲ မှီထိုင်ကာနေ၏..။

နှစ်ဝက်စာမေးပွဲ ဖြေဆိုနေရစဉ်ကာလများတွင် လုပ်စရာများမြောင်ရှိခဲ့သလောက် ယခုအချိန်တွင်တော့ သူတို့နှစ်ယောက်အား မည်သည်ကမျှ မဖျော်ဖြေနိုင်ရာ..။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now