ဒီလိုကျတော့လဲသူ့ရင်ထဲမကောင်းကိုယ်တိုင်လည်းမိဘတွေရဲ့စွန့်ပြစ်မှု့ကိုခံခဲ့တော့ဒီက​လေးရဲ့ခံစားချက်ကိုကောင်းကောင်းကြီးရင်းနှီးနေသည်။

သူရောကျနော်ရောကအချစ်ခံချင်ယုံလေးဘဲလောဘဆိုလို့ဒီတစ်ခုဘဲရှိခဲတာ

"Jeonအငယ်လေးကိုကိုနဲ့ထမင်းစား
ရအောင်"

ထမင်းပန်ကန်းတွေကိုသေချာချကာသူကိုယ်တိုင်ခွံကျွေးတော့ကောင်လေးကသူလုပ်သမျှကိုမငြင်းဆန်ဘဲအလိုက်သင့်လေးသာ​ငေးကြည့်နေသည်။

ဒီလိုကြီးကျလည်းသူမကြိုက်ပြန် အရမ်းကိုတိတ်ဆိတ်နေရင်အထီးကျန်တက်သည်။

သူဒီကလေးကိုဖြစ်စေချင်တာက ပုံမှန်လူအတိုင်းခံစားချက်တွေနဲ့ရှင်သန်စေချင်တာ ဝါသနာတစ်ခုကိုရှာဖွေစေချင်တယ်ချစ်ရတဲ့သူကိုအနားမှာထားပြီးပျော်ရွှင်နေစေချင်ယုံလေး ။ ဒီလိုအသက်မဲ့နေတဲ့မျက်ဝန်းတွေနဲ့တော့မဟုတ်။

"Jeonအငယ်​လေးကိုကို့ ကိုကြည့်"

ကြည့်ဆိုတော့လည်းဝမ်းနည်းရိပ်သန်းနေတဲ့ မျက်လုံးတွေနဲ့​မော့ကြည့်လာသည်။ထိုမျက်ဝန်းဝိုင်းဝိုင်းတွေမှာသာခံစားချက်တွေရှိရင်သိပ်လှတဲ့အနုပညာတစ်ခုဖြစ်လာမှာအမှန်

"ဒီလိုပုံစံကြီးကို ကိုကိုမကြိုက်ဘူးအရင်ကလိုဘဲပြန်နေမလား။
ကိုကို့အပေါ်လုပ်ခဲ့တာတွေကိုလဲ အကုန်ခွင့်လွှတ်ပေးမယ် ပြီးတော့ပ်ိုပြီးဂရုစိုက်ပေးမယ် အရင်လို ပြန်နေ​ပေးပါကုကီ"

"လိမ်တာ... ကိုကိုလဲသူတို့လိုဘဲကျနော့်ကိုပြစ်သွားအုံးမှာမလား

ကျနော်ကအရမ်းဆိုးနေလို့လားကိုကို

တောင်းပန်ပါတယ်..ကျနော့်ဘေးမှာကိုကို​တော့ရှိနေမှဖြစ်မယ်

ကျနော်လိမာမှာမလို့ထားမသွားပါနဲ့"

သူ့ကိုထားမသွာဖို့တောင်းဆိုရင်းရင်ခွင်ထဲတိုးကာငိုရှိုက်လာတဲ့ထိုကလေး

ငိုလိုက်..ပြီးရင်အိမ်မက်တစ်ခုလိုဘဲပြန်နိုးလာခဲ့ကိုကိုက မင်းဘေးမှာအမြဲရှိပေးမယ်

THE BOY (Completed) Where stories live. Discover now