Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။

Start from the beginning
                                    

မထွက်သွားခင်မှာ လင်ရွှမ်းဇီက တုချီယင်းအား တစ်ချက်ကြည့်လိုက်ပြီး နက်နဲလှသည့် အဓိပ္ပါယ်ဖြင့် ပြောလာသည်။

"စီနီယာအစ်ကိုကြီးတု, ဒီနှစ်တွေအတွင်း ဘယ်လိုနေလဲ, ကျွန်တော် ထွက်သွားပြီးကတည်းက ခင်ဗျားရဲ့ ကျင့်ကြံဆင့် သိပ်ပြီး မတက်လာပါလား? အဲ့ဒါက နေ့စဉ်လေ့ကျင့်မှုကို လျစ်လျူရှုတာကြောင့်လား ဒါမှမဟုတ် လမ်းကြောင်းမှာ အတားအဆီး ရှိနေလို့များလား မသိဘူးနော်။ အကယ်၍ တစ်ခုခု နားမလည်တာရှိရင် ကျွန်တော့်ကို လာမေးလို့ရပါတယ်။ တကယ်တော့လည်း ကျွန်တော်က ကျင့်ကြံဆင့် တက်နေတုန်း မိုးကြိုးဒဏ်ကိုတောင် ဆင့်ခေါ်နိုင်ထားတာလေ"

တုချီယင်း, "......"

တကယ့်ကို သောက်ရမ်း ရဲတင်းတာပဲ !

ဆူပွက်မလာတဲ့ အိုးကို ထုတ်ပြောနေတာပဲ!

လင်ရွှမ်းဇီက ကောင်းကင်အောက်က အရာအားလုံးကို အမှိုက်သရိုက်လိုမျိုး ပြုမူနေတာ သူတကယ် မုန်းတယ်!

လင်ရွှမ်းဇီက သူ့ရဲ့ အားနည်းတဲ့ ကျင့်ကြံဆင့်ကို တကယ်ကြီး လှောင်ပြောင်ရဲတယ်ပေါ့လေ?

သောက်ရေးမပါတာ, လင်ရွှမ်းဇီလည်း သူ့ကျင့်ကြံဆင့် မြင့်အောင် မှော်ရတနာ အပေါ် မှီခိုနေရတာပဲ လေ အဲ့ဒါကို ဘာများ ဒီလောက် ဂုဏ်ယူစရာ ရှိလို့လဲ?

လင်ရွှမ်းဇီ ထွက်သွားပြီးနောက်မှာ တုချီယင်းက သူ့အခန်းအား ဒေါသတကြီး ဖျတ်ဆီးပစ်ပြီး စားပွဲခုံများကိုပင် မှောက်လှန်၍ ကန်ကြောက်ပစ်သည်။

အပြင်ဘက်မှ ကောင်လေးများသည် အိမ်ထဲက လာသည့် ဆူညံပေါက်ကွဲသံများအား ကြားရသည့် ခဏမှာ သူတို့ နှလုံးသားတွေ တဒိန်းဒိန်းခုန်လာပြီး ပုန်းအောင်းဖို့ အဝေးကြီးဆီ ထွက်ပြေးသွားချင်စိတ်များပင် ပေါ်လာရ၏

တုချီယင်းဒေါသအားလုံး ပေါက်ကွဲထွက်လို့ ပြီးသွားတဲ့အချိန်မှာ လေးနာရီမျှ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

တုချီယင်းရဲ့ မျက်နှာက ဆက်တိုက် အုံ့မှိုင်းနေသည့် အမူအယာပဲ ရှိနေသည်မှာ မိုးများပင် ရွာသွန်းတော့ မတတ်ပင်။ သူက ကြမ်းပြင်ပေါ်မှာ ထိုင်ချနေပြီး ခဏလောက် စဉ်းစားနေသည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်ကာ သူ့ဓားကိုယူ၍ တူတစ်ထောင် တောင်ထွတ်ဆီ ပျံသန်းသွားတော့၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now