Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။

Start from the beginning
                                    

တုချီယင်းသည် သူ့နှလုံးသားအတွင်း၌ လွန်စွာ ကွဲလွဲနေသည်ဟု ခံစားခဲ့ရသော်လည်း ၎င်းနှင့်ပတ်သက်၍ သူဘာမျှ မတတ်နိုင်ပေ။

တုချီယင်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး လင်ရွှမ်းဇီအား စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ငါ သူမကို လက်ထပ်လို့ရတယ် ဒါပေမဲ့ သူမက ငါ့ရဲ့ အဓိက ဇနီးတော့ မဖြစ်နိုင်ဘူး။ လင်ယွီရိုက ယောကျာ်းတွေနဲ့ ပွေရှုပ်တဲ့ ပြည့်တန်ဆာလို မိန်းမမျိုးမို့လို့ ငါ့ရဲ့ ဇနီးတစ်ယောက်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး"

"ခင်ဗျားကလည်း ဘာမှ ပိုမသာပါဘူး"

လင်ရွှမ်းဇီက လုံးလုံးလျားလျား အထင်အမြင်သေးသည့် အမူအယာကို ထုတ်ပြလာသည်။

"ခင်ဗျားကြိုက်သလိုသာလုပ်, ရက်ကိုတော့ မကြာခင် သတ်မှတ်သင့်တယ်။ မဟုတ်လို့ ကလေးရှိနေကြောင်း လက္ခဏာတွေ ပြလာခဲ့ရင် အဲ့ဒါက စီနီယာအစ်ကိုကြီးရဲ့ ဂုဏ်သတင်းကြီးကို ထိခိုက်မိစေမှာ စိုးမိပါတယ်"

တုချီယင်းက ဒေါသတကြီး အံကိုကြိတ်ရင်း ပြန်ပြောသည်။

"အဲ့ဒါက မင်းတို့ လင်ယွီရိုကို တောင်ပေါ် ဘယ်အချိန် ပို့လိုက်မလဲ ဆိုတာပေါ်ပဲ မူတည်တာ"

လင်ရွှမ်းဇီက ပြုံးသည်။

"သူမကို ရက်အနည်းငယ်အတွင်း ပို့လိုက်မယ်, သူမက အဓိက ဇနီး မဖြစ်နိုင်ဘူး ဆိုရင်တောင် စီနီယာ အစ်ကိုကြီး အနေနဲ့ သူမကို လစ်လျူရှုထားလို့တော့ မရဘူးနော်။ တကယ်တော့လည်း လင်မိသားစုက ကောင်းကောင်း လေးစားမှု ခံရပြီး ဂုဏ်သိက္ခာရှိတဲ့ မိသားစုတစ်ခုပဲလေ"

တုချီယင်းသည် နှလုံးသားထဲမှာ သွေးအန်နေပြီ ဖြစ်သော်လည်း သူ့အပြုံးကိုတော့ အတင်းဖြစ်ညှစ်ပြီး ထိန်းထားဆဲပင်.

"ဒါပေါ့, င့ါမှာလည်း ဖြေရှင်းချက် ရှိတာမို့လို့ ငါက အဲ့ဒီလောက်ထိ မဆိုးပါဘူး, လူတိုင်းကို ကြေညာလိုက်မှာ မို့လို့ အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းစိတ်ချထားလို့ရပါတယ်"

လင်ရွှမ်းဇီက ကျေနပ်အားရစွာ ခေါင်းညိတ်ပြသည်။

"အဲ့ဒီလို ဆိုမှတော့ စီနီယာအစ်ကိုကြီးတုကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူးဗျာ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now