"ကြည့်ရတာဂျွန်သခင်လေးက မင်းကိုသဘောကျတဲ့ပုံပဲဒီလိုလျှောက်သွားနေနိုင်တယ်ဆိုတော့လေ ထားပါအခုဘာလာလုပ်တာလဲ"

" ဟို... Jeonအငယ်လေးအဲ !..သခင်​လေးအတွက်မနက်စာလာယူတာပါ"

"အင်း ..မင်းသွားတော့ ငါတစ်ယောက်ယောက်ကိုလာပို့ခိုင်းလိုက်မယ်ဒါနဲ့Jeonခင်လေးမသိအောင်ထွက်လာတာမင်းအတွက်မကောင်းဘူးနော် နောက်ဆိုဆင်ခြင်ပါ"

"အာဟုတ်..ဟုတ်ကဲ့ ဒါဆိုကျနော်သွားပြီနော်"

အိမ်တော်ထိန်းကြီးရဲ့နားမှာဆက်မနေရဲတော့တာကြောင့်အမြန်ပင်ပြေးထွက်လာခဲ့သည်

အနားမှာခနနေယုံနဲ့ဘာလို့ဒီလောက်ထိကြက်သီးတွေထနေပါလိမ့်။ ငါအရမ်းကိုသတိကောင်းတာဘဲ။

လှေကားထစ်ပေါ်ကိုလုံးလုံး လုံးလုံးနဲ့ပြေးထွက်သွားသောTaehyungရဲ့ကျောပြင်ကိုကြည့်ရင်းအိမ်တော်ထိန်းကြီးပြုံးလိုက်မိသည်

ထိုအပြုံးကိုသာTaehyungမြင်ရင်လန့်ဖျားဖျားသွားမည်ထင်သည်။
________________

"အားရှ် ဘာလို့အိမ်တော်ထိန်းရဲ့မျက်နှာကကွန်ကရစ်လမ်းမကြီးလိုမာကြောနေရတာလဲ"

အိမ်ရဲ့သခင်တွေကောအိမ်ကအလုပ်သမားတွေပါအချိုးမပြေတဲ့မျက်နှာအနေအထားကိုအမွေဆက်ခံထားလျှင်Taehyung အဖြေထုတ်စရာဖြစ်သွားရသည်။

ထိုကိစအပေါ်အတော်ကိုခတ်ခတ်ခဲခဲပင်စဥ်းစားနေရင်းက

ရေချိုးခန်းထဲကနေ အောက်ပိုင်းကိုသာသဘတ်ပတ်ပြီးထွက်လာတဲ့jungkookကိုမြင်တဲ့အခါ ရုတ်တရက်ကြီးအိုက်စက်လာသည်။

ရာသီဥတုကအရမ်းပူနေတော့ရေငတ်လာသလိုခံစားရကာသတွေးတွေပင်မြိုချမိသည်။

အမှန်တရားကိုလဲလက်မခံချင်​ပေမယ့်ရှက်ရှက်နဲ့ပင်jungkook ခန္တာကိုယ်မှကြွက်သားတွေကို ပေါ်တင်ငေး​​ဖြစ်သည်

အင်း သူ့bodyက အရမ်းကြည့်ကောင်းနေလို့ကြည့်မိယုံလေးပါ

ဒါပေမယ့်ဘာလို့သူကလေ့ကျင့်ခန်းမလုပ်လောက်ဘဲရှစ်ထုပ်တောင်ရှိနေရတာလဲ ။ ဒါကြီးကဘတ်လိုက်လွန်းနေတယ်မလား ။

THE BOY (Completed) Where stories live. Discover now