Part 2

5.9K 410 1
                                    

ရိပေါ် ရေချိုးပြီး ပြန်ထွက်လာသည့်တိုင်
ကုတင်ပေါ်မှာ ထိုင်နေပြီး
အတွေးများနေပုံရတဲ့ ရှောင်းကြောင့်
ရိပေါ် စဥ်းစားရခက်နေပြီ
ဒီနေ့ ပွဲတစ်လျှောက်လုံး ရှောင်းက ပျော်ရွှင်
တက်ကြွ နေခဲ့တာပါ
အခုမှ နောင်တ ရနေတဲ့ ပုံစံမျိုးဖြစ်နေရတာလဲ

"ရှောင်း စိတ်ညစ်စရာ ရှိလို့လားဟင်"

ရှောင်းကျန့်အနားသို့ ရောက်လာပြီး မျက်နှာအား ထိကိုင်မေးသော ဝမ်ရိပေါ်ကြောင့် ထိုလူ့ လက်ကို ပုတ်ထုတ်လိုက်သည်
သေချာတယ် ဒီလူနဲ့ မပတ်ချင်ဘူး
ခုအခြေအနေတိုင်း ဆက်သွားလဲ
ဒီလူက သိပ်မကြာခင်မှာ တစ်ယောက်ပြီး တစ်ယောက်နဲ့ တွဲလိမ့်မယ်
နောက်ဆုံး သူအချစ်ဆုံး လီဖန်အာ ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ဖို့ ဖြစ်လာလာအုံးမှာပဲ
တော်ပြီ ရိပေါ် မင်းကြောင့် ထပ်မခံစားချင်တော့ဘူး

"ကွာရှင်းရအောင် ရိပေါ် "

"စနောက်ရမယ့် စကား မဟုတ်ဘူးနော် ရှောင်း ကိုယ်တစ်ကယ်ဝမ်းနည်းမိတော့မယ် "

မျက်မှောင်ကြုတ်ကာ စိတ်အလိုမကျတော့ပုံပေါ်တဲ့ ရိပေါ် မျက်နှာကို ရှောင်းကျန့် သေချာလိုက်ကြည့်နေမိသည်
မင်းအတွက်က ထူးဆန်းနေမှာပေါ့ ရိပေါ်ရာ
နှစ်ယောက်သား ချစ်လွန်းလို့ လက်ထပ်ပြီးကာမှ ကွဲဖို့ ကွာဖို့ ချက်ချင်းပြောလာတယ်ဆိုတော့
ငါ့အတွက်က ရှေ့ကို ကြိုသိနေပြီးသားလမ်းကို ဆက်မလျှောက်ချင်တော့တာပါ
ရှေ့မှာ ဘယ်လောက်ဆိုးရွားလဲ ဆိုတာ
ငါကိုယ်တိုင်သိပြီးသားမို့

"မနောက်ဘူး ရိပေါ်
ငါ့မျက်နှာကို သေချာကြည့်
မင်းကို စနောက်ကျီစယ်ချင်နေတဲ့ရုပ်ပေါက်နေလားလို့ "

"ရှောင်းရာ
ကိုယ်တို့အချင်းချင်းချစ်လို့ ဒီနေ့မှ လက်ထပ်ယူထားတာလေ "

ရိပေါ် စိတ်ရှုပ်ထွေးစွာ သူ့ခေါင်းကို သူပြန်ဖွနေပြီး နားမလည်နိုင် ဖြစ်နေပုံကို
ရှောင်းကျန့် အေးစက်စက်သာ ကြည့်ရင်း

"ငါ မင်းနဲ့ မပက်သက်ချင်ဘူးရိပေါ်
မနက်ဖြန်မှာ ကွာရှင်းပြတ်စဲကြမယ် "

ပြောရင်းဆိုရင်း ဗီရိုထဲမှ ဝတ်စုံတစ်ခုကို ယူကာ ရေချိုးခန်းဝင်သွား သူအား လိုက်ကြည့်နေသူက ရိပေါ်
သတို့သားဝတ်စုံသွားလဲသည်ထင်

Unforgivable [completed]Where stories live. Discover now