ရေစက်ရှိသမျှ ဒီလောက်နဲ့ ကုန်ပါစေ
ပြန်မဆုံချင်တော့ဘူး ရိပေါ်
မင်းလိုလူမျိုးဆီက အချစ်ကို လည်း မလိုချင်တော့ဘူး
ဝေးနိုင်သမျှ ဝေးပါစေ
ဒါငါ့ရဲ့ နောက်ဆုံးဆုတောင်းပဲ

အဲ့ဒီနောက်.........

.................

"လူငယ် !

လူငယ်!!

လူငယ် !!! "

ရှောင်းကျန့် နားထဲ ထိုအသံက တဖြည်းဖြည်းဝင်လာသည်
မျက်လွှာတို့က ဖွင့်၍ မရ
ရှောင်းကျန့် သေချာသိနေတာ တစ်ခုက
သူကိုယ်တိုင် အစောက လေးတင်သူ့ကိုယ်သူ အဆုံး စီရင်လိုက်တာ
သို့ပေမယ့် သူ ယခု ဘယ်လို နာကျင်မှုမျိုးကို မှ မခံစားရ အသံတစ်ခုသာ နားထဲ ဝင်နေသည်
ဆန်းကြယ်လိုက်တာ

"လူငယ် နားထောင်နေပါ
သတိမလွတ်စေနဲ့
စကားလုံးတိုင်းကိုမှတ်သား
ဒီနေ့က မင်းတို့ရဲ့ သေနေ့ မဟုတ်ဘူး
လူငယ်ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့်သာ ခုလိုဖြစ်ခဲ့ရတာ
ဘယ်သူ့အတွက်မှ မတရားဘူး လူငယ်
လောကမှာ ကိုယ့်စိတ်ကိုယ့်အတွေးကို ပဲ ဦးစားပေးနေလို့ မရဘူး လူငယ်
အမှားတွေပဲ ဖြစ်တတ်တယ်
ကံတရားက မင်တို့ အတွက် အခွင့်အရေး ထပ်ပေးမယ် အကောင်းဆုံး အသုံးချ
မင်းက အရေးပါဆုံးသူမလို့ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို မင်းကိုပဲ သတိရစေမယ်
ဘာပဲလုပ်လုပ် ဆင်ခြင်သုံးသပ်ပါ လူငယ်"

ကြားနေရသော စကားများအား နားမလည်သည့်တိုင် ရှောင်းကျန့်မှာ ဂရုတစိုက်နားထောင်နေမိသည်

မျက်လုံးတို့အားလည်း ဖွင့်ရန် အကြိမ်ကြိမ် ကြိုးစားပြီးသည့်နောက်
အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်
သို့သော် သူ့အား လူငယ်ဟု ခေါ်နေသူမှာ
အရိပ်အယောင်ပင်မရှိ
အခန်းတစ်ခန်းလုံးလည်း လူဆိုလို့ ရှောင်းကျန့် တစ်ယောက်တည်းသာ ရှိသည်

အခန်းဆိုမှ ဒါ ဝမ်ရိပေါ်နဲ့ သူရဲ့ အခန်းမလား

ရှောင်းကျန့် နားမလည် နိုင်စွာ ဖြစ်သွားရသည်
ဒီနေရာက သူဘယ်တော့မှ ခြေမချဘူးလို့ တွေးထားသည့်နေရာ

သူမသေဘူးဆိုလည်း အနည်းဆုံးတော့ သူ့ကွန်ဒိုမှာပဲ ရှိနေသင့်တာမလား
ပြသနာကလည်း သူ့ကွန်ဒိုမှာပဲ ဖြစ်ခဲ့တာလေ
ပိုထူးဆန်းတာက
သူ့ခန္ဓာကိုယ်မှာ အဆုံးစီရင်တုန်းက ဒဏ်ရာ
တစ်ခုလေးတောင်ရှိမနေခဲ့

Unforgivable [completed]Onde as histórias ganham vida. Descobre agora