part(1)

711 18 2
                                    

"တမာ"

"ဘာတုန်းဗျ"

"ကျွန်းထဲမဆင်းဘူးလား"

"ကျုပ်ဒီနေ့နည်းနည်းနောက်ကျမှသွားမှာ"

ကျွန်းထဲသွားပြီးကူလုပ်ဖို့ရန်သားဖြစ်သူအားပြောနေခြင်းပင်
တမာ၏မိခင်ဖြစ်သူအဖွားစန်းမှာအသက်(၅၀)ကျော်(၆၀)နီးပါးရှိလှသည့်တိုင်သန်မာနေဆဲဟုပင်ပြောရမည်
သားသမီးများကိုအလွန်ချစ်ရှာသည်
သားသမီး(၅)ယောက်ရှိသည့်အနက်အိမ်ထောင်မကျသေးသည့်တမာကတတိယမြောက်သားပင်

တစ်စုတစ်ပေါင်းတည်းအညာဟုခေါ်သော်လည်းသူ့ရွာစုလေးနဲ့သူပင်
တမာတို့ရွာမှာတော့တမာ၏ယောက်ဖမှာအုပ်ချုပ်ရေးမှူးဖြစ်တာကြောင့်ရပ်ရေးရွာရေးတစ်ခုခုဆိုကာလသားခေါင်းဆောင်အနေနဲ့တမာကဦးဆောင်ရသည်
ရပ်ရွာအကြောင်းကိစ္စအများစုကိုလည်းသူတို့နဲ့ပင်စကားပြောရသည်

"ဒီနှစ်ငရုတ်အထွက်ကောင်းတယ် အမေရေ
ဒါပေမဲ့...အဟက်
ဈေးကတော့မကောင်းဘူး
ကျုပ်တို့အခင်းအထွက်ကောင်းလို့ဒီနှစ်ဈေးနည်းသလားမသိဘူး"

"ဟဲ့....စောစောစီးစီးအဓိပ္ပါယ်မရှိတာတွေမပြောနဲ့သူ့ဘာသူငရုတ်ဈေးပြန်တက်လာမှာ"

မီးဖိုထဲမှာအစ်မဖြစ်သူကြော်ထားပေးခဲ့တဲ့ထမင်းကြော်ကိုစားကာကုလားထိုင်မှာထိုင်နေသောအမေဖြစ်သူနဲ့စကားစမည်ပြောကြသည်

အသားအရည်ကအရမ်းကြီးမဲနေတာမျိုးမဟုတ်အနည်းငယ်တော့ကြည့်ကောင်းသေးသည်
ညုတုတုအသံဖြင့်အမှတ်တမှတ်နားထောင်ပါကအရက်မူးနေသလိုလေသံပင်
ပုဆိုးကိုဒူးအောက်ခပ်တိုတိုဝတ်ထားတတ်တဲ့အပြင်
ဗိုလ်ဆံတောက်ဆံပင်ကေကိုနဖူးအလယ်လောက်အထိဆံပင်လေးချထားတတ်သေးသည်
5ပေ10လက်မကျော်6ပေနီးပါးရှိသည့်အရပ်ကြီးနှင့်
အလုပ်လုပ်ရသူမို့ခန္ဓာကိုယ်မှာတောင့်တောင့်ဖြောင့်ဖြောင့်
တစ်ချို့အမျိုးသားများလိုခန္ဓာကိုယ်တောင့်ဖြောင့်အောင်အထူးတစ်လည်လေ့ကျင့်နေစရာမလိုပေ

"အမေ....မနေ့ကအဘလေးလာပြောတယ်
ဒီနေ့ကျောင်းဆရာအသစ်ရောက်မယ်တဲ့....ကျောင်းဆရာအသစ်ကသူ့တူဆိုပဲ"

တမာ(Ta Mar)Where stories live. Discover now