ထိုပန်းချီကားချပ်က ခန့်မှန်းခြေ အလျား ပေ20 နဲ့ အနံ10ပေ လောက်ရှိနိုင်ပေလိမ့်မည်။ ဒါဟာဆင့်ရဲ့ ခန့်မှန်းခြေသက်သက်မျှသာဖြစ်ပြီး ထို့ထက်လည်းပိုချင် ပိုနိုင်ပါသေးသည်။  ကုတင်ခေါင်းရင်းပိုင်းမှာ တင့်တယ်စွာနေရာယူနေပြီး အနုစိတ်စွာရုပ်ကြွနေခဲ့လေသည်။ တိမ်ယံဆင့်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းပုံ တစ်ခုဖြစ်လင့်ကစား ရူးသွပ်လောက်အောင် ဆွဲဆောင်အားကောင်းနေခဲ့သည်။

ကြောင်အမ်းနေသော တိမ်ယံဆင့်ကို ပြဒါးရံတစ်ယောက်လှုပ်နှိုးလိုက်ပြီး လက်ရှိလောကဆီ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

" ဒါကို ဆင့် အခန်းလုပ်ဖို့ ကိုယ်ရွေးချယ်ခဲ့တာ။ ကိုယ်အကြိုက်ဆုံးအခန်းပဲ .....ဒီထဲမှာ အသက်ဝင်နေတဲ့ အနုပညာရှိနေတယ် "

" ကျွန်တော့်ပုံပါတဲ့ ပန်းချီကားကိုပြောတာလား "

" မဟုတ်ဘူး.....ကိုယ့်အမြင်မှာတော့ ပန်းချီကားက အနုပညာမြောက်တာထက် ဆင့် ကိုယ်တိုင်က အနုပညာဖြစ်နေတာ "

ပြဒါးရံ၏ စကားများကြောင့် နားဆင်နေသူမှာ အပူချိန်များ တဖြည်းဖြည်း တိုးလာရတော့လေသည်။ ဒီအခန်းထဲမှာ ဆက်နေ,နေလျှင် ဆင့်၏ ပူလောင်ရှက်သွေးဖြာနေမှုမှာ တစ်စထက်တစ်စ ပိုတိုးလာမည်သာဖြစ်သောကြောင့် စိတ်ထဲရှိရာစကားတစ်ခွန်းကို ဆွဲယူအသုံးပြုလိုက်ပြီး ရှောင်တိမ်းလာခဲ့ရသည်။

" ရုတ်တရက်ကြီး ပူလာသလိုပဲ အပြင်ထွက်ရအောင် "

ပြဒါးရံကိုမစောင့်ဘဲ သူဟာရှေ့ကနေ ပြေးထွက်ခဲ့လေသည်။ နောက်ဘက်မှအော်နေတဲ့အသံကို လျစ်လျူရှုပြီး အသက်ကိုသာဝအောင် ရှုသွင်းနေလိုက်သည်။

" ရင်တွေခုန်လွန်းလို့ သေတော့မှာပဲ။ အခုရက်ပိုင်းတွင်း ငါ့နှလုံးခုန်သံတွေက ပိုဆိုးလာတယ်...... ကြာရင်ရောဂါရတော့မှာ။  "

" ဆင့် ရောဂါရနေတာလား ။ ဘာရောဂါလဲ ....ဘယ်နားမှာဖြစ်နေတာလဲ ကိုယ့်ကိုပြစမ်းပါ "

ပြဒါးရံဟာ နားစွန်နားဖျားကြားပြီး သူ့ကိုပြဿနာရှာနေတော့သည်။

" ရံ နားကြားမှားတာနေမယ် ဘာရောဂါမှမရှိပါဘူး "

တဖြည်းဖြည်းနှင့် အချိန်တွေဟာ ကုန်ဆုံးလာခဲ့လေသည်။ ဆင့်နဲ့ပြဒါးရံတို့ မီးဖိုချောင်မှာ ကိတ်မုန့်တူတူဖုတ်ကြရင်း စနောက်ပျော်ရွှင်နေခဲ့ကြသည်။ ဆင့်အတွက် ဒီအချိန်တွေဟာ ပျော်စရာကောင်းလွန်းလို့ ဘယ်တော့မှ မကုန်ဆုံးသွားစေပါနဲ့ဟုတောင် ဆုတောင်းမိသည်။ ပုံမှန်နေ့တွေဆိုလျှင် အမေမေရယ် ရှင်းရယ်နဲ့ သူ့မွေးနေ့ကို ဖြတ်သန်းနေကြပေ။ ကံမကောင်းစွာနဲ့ ဆင့်အမေက တရားစခန်းဝင်သည့်ရက်နဲ့ တိုက်နေခဲ့သဖြင့် ကျင်းပနေကျရိုးရာလေးကို ဒီတစ်နှစ်တော့ ညှိုးငယ်စွာဖျက်သိမ်းလိုက်ရသည်။

Hate Poem Written With Love࿐Where stories live. Discover now