တစ်ဖက်က မင်းစစ်ဘက်မှာလည်း ခြိန်းကို စိုက်ကြည့်ပြီး သူငယ်ချင်းနှစ်ယောက် မျက်စပစ်နေကြသည် ။

"မင်းစစ် မင်းလူက ငါ့ကို ဝါးစားတော့မဲ့အတိုင်းဘဲနော် ငါတော့ကြောက်လာပြီဟ! "

"ငါ နည်းနည်းပညာပြချင်သေးတယ် စိုင်း "

"ဘာဟ....! "

မင်းစစ်က စိုင်းရဲ့ခါးကို ဆွဲဖက်ကာ ခြိန်းစီ မျက်ခုံးပင့်ပြလိုက်လေသည် ။ ထိုအချိန် ခြိန်း၏ တောက်ခေါက်သံက မင်းစစ်နားထဲတွင် လေသံလေးနဲ့ ဝင်လာတော့ မင်းစစ်ကျေနပ်၏ ။

"တောက်စ်!!!"

မင်းငါ့ကို မကြိုက်ဘူးဆိုတာ ငါမယုံဘူး ခြိန်း....။ မင်းပါးစပ်က ဝန်ခံလာမဲ့အချိန်ထိ ငါကိုယ်တိုင် ဖော်ထုတ်ပေးမှာမလို့ မင်းစောင့်ကြည့်နေလိုက် ခြိန်း ။ မာန်ဝဏ္ဏခြိန်းက မင်းစစ်ကုဋေအတွက်ဘဲ ဖြစ်တည်နေရမယ် ။

"မင်းစစ် မင်းငါ့ကို ဟိုကောင်သတ်လို့ သေစေချင်နေတာလား! "

"အငြိမ်နေစမ်းပါ... ငါကရော ဖက်ချင်လွန်းလို့ဖက်တယ်များ ထင်နေလား ဟိုက လူတွေအများကြီးနဲ့မလို့ ဘာမှလာလုပ်မှာ မဟုတ်ဘူး စိတ်ချစမ်းပါ "

"အဲ့ကောင်သာ နဂါးဆို ငါပြာတောင်ကျန်မယ်မထင်ဘူး ငါ့ဘဝလေးတော့ ရှေးလူကြီးတွေ ပြောတာ ကြားသုံးကြားမဝင်ရဘူးတဲ့ သိပ်မှန်တယ် "

သူ့စကားကို မင်းစစ်က နားထောင်မနေတော့ဘဲ ဟိုကောင်လေးရှိရာစီ ဦးတည်လျှောက်သွားတော့သည် ။ လက်ထဲက အသင့်ပါလာတဲ့ လက်ဆောင်ဗူးလေးအား သူမစီကမ်းပေးလိုက်ပြီး ဆုတောင်းစကားပြုလိုက်သည် ။

" Happy birthday သုဝဒီ "

"အခုလို ကျွန်မရဲ့မွေးနေ့ထိ လာရောက် ဂုဏ်ပြုပေးတဲ့ ကိုမင်းစစ်ကုဋေကို ကျေးဇူးအထူးတင်ပါတယ်ရှင် အဟင်း! "

"ရပါတယ် ဦးလှိုင်ဝင်းစိုးရဲ့ တစ်ဦးတည်းသော သမီးလေးဘဲ ကိုယ့်စီပွားဖက်ရဲ့ မွေးနေ့ပွဲကို မလာလို့မကောင်းဘူးလေ ဟုတ်တယ် မလား ခြိန်း "

"ခင်ဗျား ဘာတွေလုပ်နေတာလဲ မင်းစစ်! "

ခြိန်းက သူ့အား အံတင်းတင်းကြိတ်ပြီး အသံနှိမ့်ရျ်ပြောလိုက်ပေမဲ့ သူမကြားဟန်ပြုနေလိုက်သည် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now