- ဟုတ် ဟုတ်
မမကြီးဖြစ်သူ မေရွက်ဝါ အား မိုင်း ပျင်းတွဲတွဲအသံနဲ့ပြန်ဖြေပြီး ဘေးလွယ်ထားသောအိတ်ကိုလဲ ကြိုးကကိုင်ပြီး အပေါ်ထပ်သို့ ဒရွတ်တိုက်ဆွဲသွားလေသည်
မိုင်းအခန်းထဲရောက်သည်နှင့်လက်မှဆွဲထားသောအိတ်အား ကုတင်ဘေးမှ စားပွဲပေါ်လှမ်းတင်လိုက်ပြီး အိပ်ရာပေါ်အားလှဲချလိုက်တော့သည်
- အာ ပင်ပန်းလိုက်တာ တစ်နေ့ တစ်နေ့ အစ်မ ကိုပဲတွေးနေမိတာ အခုဖြစ်နေတာကလေ ချစ်တာထပ် အစ်မ ကို စွဲလန်းပြီး ရူးသွပ်နေတဲ့ ရောဂါလက္ခဏာတစ်ခုမလား မသိတော့ပါဘူး တကယ် ရောဂါလိုဖြစ်နေပြီ
မျက်လုံးလေးမှိတ်ပြီးငြီးတွားရင်းအိပ်ငိုက်လာသောကြောင့် ဆတ်ခနဲ ငုပ်တုပ်ထထိုင်လိုက်ကာ သူမ၏ပါးနှစ်ဖက်အား စုံရိုက်လိုက်လေတော့သည်
- အမယ်လေး အိပ်ပျော်တော့မလို့ မမကြီးဆူတာတော့ ခံရတော့မှာပဲ လန်းသွားအောင် မြန်မြန်ရေထချိုးမှပါ အင်းးးးး
မိုင်း အပျင်းကြောဆန့်ပြီး ရေချိုးခန်းထဲ ဝင်သွားလေတော့သည်
>>>>>>>>>>>>>>>>
- မိုင်း နဲ့ နိုင်း ရေ ကြာနေပြီလေ ထမင်းစားဖို့ ကြွလာကြပါတော့
- လာပါပြီ လာပါပြီ
အောက်ထပ်မှ မမကြီး အပြောကို အငယ်လေးပြန်ဖြေသံကြားပြီသည်နှင့်မိုင်း လဲ အဝတ်အမြန်ဝတ်ပြီး အောက်ထပ်ပြေးဆင်းတော့သည်
ညီအစ်မသုံးယောက် သေချာစုံတဲ့ချိန်ဆိုလို့ ဒီညနေထမင်းစားချိန်သာရှိတတ်ကြသည် မမကြီးဖြစ်သူ မေရွက်ဝါသည်လဲ အလုပ်တဖက် မိုင်းကလဲ သင်တန်းတက်ရင်းအလုပ်တစ်ဖက် နှင့် အငယ်လေး ဖြစ်သူ မေနိုင်းလဲ ၁၀တန်းတက်နေလေသည်
ထမင်းစားချိန် ဘာစကားမှမပြောကြ မမကြီးက ထမင်းစားရင်း စကားမပြောရဘူးလို့ အမြဲပြောသောကြောင့်ဖြစ်သည် ထမင်းစားပြီး အချိုတည်းချိန်တော့ ဟိုဟိုဒီဒီစကားပြောဖြစ်ကြသည်
- မိုင်း: ညကျရင် လိုင်းတက်ဉီး မေနဲ့ဖေ က စကားပြောမလို့တဲ့
YOU ARE READING
^^The last choice^^
RomanceUnicode/Zawgyi အစ်မ ရဲ့ မေတ္တာမြှားဉီးတွေက ဒီကောင်မလေး ဘက်လှည့်လှည့်လာပြီး ပစ်လွှတ်လိုက်တဲ့အခါ အမြဲတခြားတစ်ယောက်ဖြစ်နေတတ်တာ မျှော်လင့်ချက်သာ ရှိရင်လေ နောက်ဆုံးပစ်လွှတ်တဲ့ အစ်မ ရဲ့ချစ်ခြင်းတရားတွေ အတွက်တော့ ညီမကိုသာ ဉီးတည်ပစ်စေချင်တယ် >>>>>>>>>>>>>>>...
အပိုင်း (၂ )
Start from the beginning
