အပိုင်း (၂ )

Start from the beginning
                                        

-ဟဲလို မိုင်း

ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့အသံနဲ့အတူ အလိုက်မသိစွာ ထိန်းမရအောင် ခုန်လာတဲ့ နှလုံးသား ဒီအသံလေး မကြားရတာ ဘယ်လောက်ကြာခဲ့ပြီလဲ

-ဟဲလို ဘယ်သူလဲမသိဘူး

မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့ ထိုအမျိုးသမီးလေးက ရယ်တယ်

- အစ်မ အသံကို မိုင်း မမှတ်မိဘူးဆိုတာ မဖြစ်နိုင်ဘူး   တဲ့လေ

ဘယ်လောက်တောင် ပိုင်စိုးပိုင်နင်းနိုင်လိုက်တဲ့ စကားလဲ အစ်မ ဟာလေ မိုင်းစိတ်အလုံးစုံကို သိနေသလိုမျိုး  ဟန်ဆောင်နေတယ် ဆက်ပြောသေးတယ်

- အခုတလော ဘာကြောင့်ရယ် မသိပါဘူးမိုင်းကို သတိရရမိနေတယ်

-​ဒါပြောချင်လို့ ဆက်တာတော့ မဟုတ်ဘူးမလား

- မိုင်း သိမလားလို့လေ အစ်မ မိုင်းကို သတိရရမိနေတဲ့အကြောင်းကို

ရေရေရာရာ မရှိတဲ့ အကြောင်းပြချက်နဲ့ မိုင်းဘဝထဲ ဒီအမျိုးသမီး ပြန်ပေါ်လာပြန်ပြီ

- မိုင်း မသိဘူး ဒါပဲဆို ဖုန်းချလိုက်တော့မယ်

- wait မိုင်း
အစ်မ နေမကောင်းဘူး မိုင်းကိုတကယ်လိုအပ်နေတယ်

- ဆေးသောက်ပြီးအိပ်တော့ မသက်သာရင် ဆေးခန်းပြ ဒါပဲမလား ဖုန်းချပြီ

မိုင်း ခပ်သွက်သွက်ဖုန်းကိုချလိုက်ပြီး မျက်မှောင်ကြုတ်ကာ

- သူ့ဘဲကို ဘာလုပ်ဖို့ထားတာလဲ သူ့အကောင်ကို ဂရုစိုက်ခိုင်းပါလား

မိုင်းနှုတ်ကသာ ပြောနေပေမယ့် ရင်ထဲမှာတော့ စိတ်ပူစွာနှင့် ကိုယ့်ကို အစ်မ လိုအပ်နေတယ်ဆိုတဲ့စိတ်ကလဲ အလုအယက်ဝင်လာတယ်

>>>>>>>>>>>>>>>>>>
- ဟင်းးး

နေ့လယ်က အကြောင်းပြန်တွေးမိရင်း သက်ပြင်းချရတာလဲ အခါခါ အစ်မ ကတော့ ဖုန်းပြန်ဆက်လာချင်းမျိုးလဲမရှိ အင်းလေ မိုင်းပြောချင်ရာပြောပြီး ဖုန်းချပစ်တာကို ပြန်သာဆက်လာရင် အစ်မ ဘယ်ပီသတော့မလဲ

- မမကြီးရေ မိုင်း ပြန်ရောက်ပြီနော်

- အေ အေ ရေချိုးပြီးရင် ထမင်းစားဖို့ အငယ်လေး ကိုပါ ခေါ်ပြီး ဆင်းလာခဲ့တော့ မိုင်း ရေချိုးပြီးအိပ်မနေနဲ့နော် ကြားလား

^^The last choice^^Where stories live. Discover now