အပိုင်း (၂ )

Start from the beginning
                                        

ကိုမင်းရှင်းဆတ်နိုင် ပို့ထားတဲ့စာ၂စောင်.....
''မိုင်း ဒီနေ့ လိုင်းတက်မှာလား ကို comedy animeတစ်ကား link ပို့ပေးထားတယ်´´
''မိုင်းကြိုက်လောက်မယ်ထင်လို့´´

ကိုမင်းရှင်းဆတ်နိုင်ကိုတော့ reply မပြန်တော့ပဲ နောက်ဝင်ထားတဲ့ စာတစ်ခုအားဖတ်ဖို့ပြင်လိုက်ချိန် ဖုန်းနံပါတ်စိမ်းတစ်ခု တကယ်တော့လဲ မစိမ်းပါဘူး contact မမှတ်ထားရုံပါ ပို့ထားတဲ့စာကိုက တကယ် ပိုင်စိုးပိုင်နင်းနဲ့

- အစ်မ ဆီ မိုင်း ရောက်လာမယ်ဆိုတာ သိတယ်

>>>>>>>>>>ဆက်ရန်

---------------------------------------------------

***Zawgyi***

***အစ်မ ဆိုတဲ့ အမျိုးသမီးလေးကလေ ဒဏ်ရာ ဆိုပေမယ့်လဲ မြတ်နိုးပြီး တန်ဖိုးထားနေရတဲ့ ဒဏ်ရာလေး တစ်ခု...***

- မိုင်း နေကောင်းသွားပြီလား သက်သာရဲ့လား

သင်တန်းရောက်ရောက်ခြင်းကြားလိုက်ရတဲ့ ကိုမင်းရှင်းဆက်နိုင် ရဲ့ အသံအေးအေးလေးမှာ ပူပန်မှုအပြည့်ဖြင့်အမေးစကား ချစ်လို့သာ ရရင်လေ တကယ် သင့်တော်တဲ့အမျိုးသားတစ်ယောက်လို့ မိုင်း သူ့ကိုမှတ်ချက်ပေးတယ်

မိုင်းလဲနှုတ်ခမ်းထပ်ဝယ်အပြုံးလေးဆင်မြန်းလျက်

- နေကောင်းသွားပါပြီ ဟိုတစ်နေ့က အားဆေးနဲ့မုန့်အတွက် ကျေးဇူးပါနော်

- တော်သေးတာပေါ့ ကို က စိုးရိမ်နေတာ

- ဟုတ်ကဲ့

မိုင်းအခုလို အရောတဝင်ပြန်ပြောတယ်ဆိုတာက သူ့အပေါ်ကြိုးရှည်ရှည်နဲ့လှန်းထားတာ ဘာညာ မဟုတ်ပါဘူး မိုင်း ငြင်းထားပြီးတည်းက ကိုမင်းရှင်းဆက်နိုင် က ၂ယောက်ကြား အနေခက်စေမယ့်စကားမျိုး ဘယ်တော့မှထပ်ပြောလာခြင်းမရှိပဲ အမူအယာနဲ့သာ ချစ်နေကြောင်းပြတဲ့သူမျိုး ပြီးတော့ သူကကိုယ့် စီနီယာ လဲ ဖြစ်တယ်လေ မပက်သက် မအပ်ယှက်ပဲ နေလို့ရတာမှ မဟုတ်ပဲ စာပြန်သင်ကြားမှုပိုင်းမှာ မသိတာဆို သူ့ကို အားကိုးနေရတာချည်း

- အရင်၂ရက်ကတော့ ညီမ သင်နေရတဲ့ အတန်း ၂ချိန်လုံး ကို ဝင်သင်ပေးထားတယ် သူတို့က သူတို့ ဆရာမပေါက်စလေးကိုပဲ မျှော်နေကြတာ

^^The last choice^^Where stories live. Discover now