အပိုင်း (၂ )

Start from the beginning
                                        

မေနိုင်း တစ်ယောက် စိတ်ပျက်လက်ပျက်မျက်နှာနှင့်

- ဟာ ကျောင်းလဲ မြန်မြန်ပြီးချင်ပါပြီ

- ဒါနဲ့ မမကြီးရော အိမ်ထောင်မပြုသေးဘူးလား ကိုခန့်ထည် က လက်ထပ်ခွင့်တောင်းတာကို မမကြီးက အချိန်မတန်သေးဘူးလို့ ပြောထားတယ်ဆို မမကြီးလဲလေ တစ်ယောက်အကြောင်းသိအောင်လုပ်စရာလဲမလိုတော့ပါဘူး ကိုခန့်ထည်နဲ့က ဟိုးငယ်ငယ်လေးထဲက သူငယ်ချင်းဖြစ်လာပြီး တွဲလာတာဖြင့် ဆယ်စုနှစ်တစ်ခုဖြစ်နေပြီကို

- ခန့် ​က မိုင်းကို ရင်လာဖွင့်ပြန်ပြီလား သူ့မှာလဲလေ တခုခုဆို ငါ့ညီမကိုပဲ လာလာတိုင်ပင်နေတာ ဟင်းးး ညည်းတို့ကို စိတ်မချသေးလို့ ငါ ယောကျ်ားမယူနိုင်သေးဘူးဟေ့ နွားမလေး ၂ယောက်ကို ကြည့်ရှုစောင့်ရှောက်ရမယ့် တာဝန်တွေရှိသေးတယ်

မိဘ၂ပါးလုံးက နိုင်ငံခြားမှာအလုပ်လုပ်နေသောကြောင့် ညီအစ်မ၃ယောက်သာ အတူနေထိုင်ကြသည်မလို့ ညနေချိန်မှာ ထမင်းလက်စုံအမြဲစားရမယ်လို့ မမကြီး စည်းကမ်းထုတ်ထားသည်ဆိုလဲမမှားပေ။ ကိုခန့်ထည် ဆိုသူမှာ အသားညိုညို နဲ့ အရပ်ရှည်ရှည်ဖြစ်ပြီး မမကြီးရဲ့ငယ်သူငယ်ချင်းလဲဖြစ် ချစ်သူလဲ ဖြစ်လေသည် မိုင်းတို့ရဲ့ အိမ်ရှေ့အိမ်က ဖြစ်ပြီး မိုင်းအသက် ၅နှစ် ၆နှစ် လောက်ထဲက မမကြီးနဲ့ကိုခန့်ထည်တို့မှာ သူငယ်ချင်းတွေဖြစ်ကြပြီး မိုင်းတို့နဲ့လဲ မောင်နှမလို ဖြစ်နေတော့သည်

ထမင်းစားသောက်ပြီး စကားပြောကြပြီး အသီးသီး ကိုယ့်အခန်းကို ပြန်ဝင်ကြတော့သည် မမကြီးအခန်းက အောက်ထပ်မှာရှိပြီး မိုင်းနဲ့ နိုင်း အခန်းက တော့အပေါ်ထပ်မှာ ဖြစ်လေသည်

မိုင်းအခန်းထဲဝင်ပြီး စာကြည့်စားပွဲရှေ့ထိုင်လိုက်ကာ အားသွင်းထားသောဖုန်းအားဖြုတ်ပြီး ယူကြည့်လိုက်လေသည် မက်ဆေ့ချ်ဝင်ထားသည်ကို မြင်၍ ကြည့်လိုက်စဥ်

ဆုပြည့်ဆီက စာတစ်စောင်.....
''မနက်ဖြန် လဲ နင့်ဆိုင်ကယ်နဲ့ပဲ လိုက်မယ်နော်´´

ဆုပြည့်အား Reply ပြန်လိုက်သည်
''အမြဲတမ်းလိုက်နေတာပဲကို တကူးတကအပိုတွေ လာပြောမနေနဲ့´´

^^The last choice^^Where stories live. Discover now