မျက်လုံးလေးမှိတ်ပြီးငြီးတွားရင်းအိပ်ငိုက်လာသောကြောင့် ဆတ်ခနဲ ငုပ်တုပ်ထထိုင်လိုက်ကာ သူမ၏ပါးနှစ်ဖက်အား စုံရိုက်လိုက်လေတော့သည်
- အမယ်လေး အိပ်ပျော်တော့မလို့ မမကြီး ဆူတာတော့ ခံရတော့မှာပဲ လန်းသွားအောင် မြန်မြန်ရေထချိုးမှပါ အင်းးးးး
မိုင်း အပျင်းကြောဆန့်ပြီး ရေချိုးခန်းထဲ ဝင်သွားလေတော့သည်
>>>>>>>>>>>>>>>>
- မိုင်း နဲ့ နိုင်း ရေ ကြာနေပြီလေ ထမင်းစားဖို့ ကြွလာကြပါတော့
- လာပါပြီ လာပါပြီ
အောက်ထပ်မှ မမကြီး အပြောကို အငယ်လေးပြန်ဖြေသံကြားပြီသည်နှင့်မိုင်း လဲ အဝတ်အမြန်ဝတ်ပြီး အောက်ထပ်ပြေးဆင်းတော့သည်
ညီအစ်မသုံးယောက် သေချာစုံတဲ့ချိန်ဆိုလို့ ဒီညနေထမင်းစားချိန်သာရှိတတ်ကြသည် မမကြီးဖြစ်သူ မေရွက်ဝါသည်လဲ အလုပ်တဖက် မိုင်းကလဲ သင်တန်းတက်ရင်းအလုပ်တစ်ဖက် နှင့် အငယ်လေး ဖြစ်သူ မေနိုင်းလဲ ၁၀တန်းတက်နေလေသည်
ထမင်းစားချိန် ဘာစကားမှမပြောကြ မမကြီးက ထမင်းစားရင်း စကားမပြောရဘူးလို့ အမြဲပြောသောကြောင့်ဖြစ်သည် ထမင်းစားပြီး အချိုတည်းချိန်တော့ ဟိုဟိုဒီဒီစကားပြောဖြစ်ကြသည်
- မိုင်း: ညကျရင် လိုင်းတက်ဦး မေနဲ့ဖေ က စကားပြောမလို့တဲ့
- မိုင်း လိုင်းမတက်တော့ဘူး မေမေတို့vcခေါ်လာရင် မမကြီး ဖုန်းနဲ့ပဲလာပြောတော့မယ်
- မမကြီး နိုင်းဖုန်းကို ဘယ်ချိန်ထိ သိမ်းထားမှာလဲ ပြန်လဲမပေးသေးဘူး
- နိုင်း ရေ အခုနေ ဖုန်းပြန်ရဖို့ မျှော်လင့်မနေနဲ့ ၁၀တန်းဖြေပြီးမှ ပြန်ရတော့မှာ မမတုန်းကလဲ အဲ့လိုပဲမလို့
- အာ မမကြီးကလဲ နိုင်းသူငယ်ချင်းတွေနဲ့အဆက်သွယ်လုပ်ရင် ဘယ်လိုလုပ်ရမလဲ
- နိုင်းသူငယ်ချင်းတွေနဲ့ ဖုန်းဆက်စရာကိစ္စရှိလာရင် မမကြီးကိုပြောလေ အဲ့ချိန်ပေးဆက်မှာပေါ့ ရည်းစားထားချင်ရင်လဲကျောင်းပြီးမှထား အဲ့အခါကျ စည်းတွေဘောင်တွေမကျော်သ၍ မမကြီး ဝင်မပါဘူး
YOU ARE READING
^^The last choice^^
RomanceUnicode/Zawgyi အစ်မ ရဲ့ မေတ္တာမြှားဉီးတွေက ဒီကောင်မလေး ဘက်လှည့်လှည့်လာပြီး ပစ်လွှတ်လိုက်တဲ့အခါ အမြဲတခြားတစ်ယောက်ဖြစ်နေတတ်တာ မျှော်လင့်ချက်သာ ရှိရင်လေ နောက်ဆုံးပစ်လွှတ်တဲ့ အစ်မ ရဲ့ချစ်ခြင်းတရားတွေ အတွက်တော့ ညီမကိုသာ ဉီးတည်ပစ်စေချင်တယ် >>>>>>>>>>>>>>>...
အပိုင်း (၂ )
Start from the beginning
