အပိုင်း (၂ )

Start from the beginning
                                        

- အခုတလော ဘာကြောင့်ရယ် မသိပါဘူးမိုင်းကို သတိရရမိနေတယ်

- ​ဒါပြောချင်လို့ ဆက်တာတော့ မဟုတ်ဘူးမလား

- မိုင်း သိမလားလို့လေ အစ်မ မိုင်းကို သတိရရမိနေတဲ့အကြောင်းကို

ရေရေရာရာ မရှိတဲ့ အကြောင်းပြချက်နဲ့ မိုင်းဘဝထဲ ဒီအမျိုးသမီး ပြန်ပေါ်လာပြန်ပြီ

- မိုင်း မသိဘူး ဒါပဲဆို ဖုန်းချလိုက်တော့မယ်

- wait မိုင်း
အစ်မ နေမကောင်းဘူး မိုင်းကိုတကယ်လိုအပ်နေတယ်

- ဆေးသောက်ပြီးအိပ်တော့ မသက်သာရင် ဆေးခန်းပြ ဒါပဲမလား ဖုန်းချပြီ

မိုင်း ခပ်သွက်သွက်ဖုန်းကိုချလိုက်ပြီး မျက်မှောင်ကြုတ်ကာ

- သူ့ဘဲကို ဘာလုပ်ဖို့ထားတာလဲ သူ့အကောင်ကို ဂရုစိုက်ခိုင်းပါလား

မိုင်းနှုတ်ကသာ ပြောနေပေမယ့် ရင်ထဲမှာတော့ စိတ်ပူစွာနှင့် ကိုယ့်ကို အစ်မ လိုအပ်နေတယ်ဆိုတဲ့စိတ်ကလဲ အလုအယက်ဝင်လာတယ်

>>>>>>>>>>>>>>>>>>
- ဟင်းးး

နေ့လယ်က အကြောင်းပြန်တွေးမိရင်း သက်ပြင်းချရတာလဲ အခါခါ အစ်မ ကတော့ ဖုန်းပြန်ဆက်လာချင်းမျိုးလဲမရှိ အင်းလေ မိုင်းပြောချင်ရာပြောပြီး ဖုန်းချပစ်တာကို ပြန်သာဆက်လာရင် အစ်မ ဘယ်ပီသတော့မလဲ

- မမကြီးရေ မိုင်း ပြန်ရောက်ပြီနော်

- အေ အေ ရေချိုးပြီးရင် ထမင်းစားဖို့ အငယ်လေး ကိုပါ ခေါ်ပြီး ဆင်းလာခဲ့တော့ မိုင်း ရေချိုးပြီးအိပ်မနေနဲ့နော် ကြားလား

- ဟုတ် ဟုတ်

မမကြီးဖြစ်သူ မေရွက်ဝါ အား မိုင်း ပျင်းတွဲတွဲအသံနဲ့ပြန်ဖြေပြီး ဘေးလွယ်ထားသောအိတ်ကိုလဲ ကြိုးကကိုင်ပြီး အပေါ်ထပ်သို့ ဒရွတ်တိုက်ဆွဲသွားလေသည်

မိုင်းအခန်းထဲရောက်သည်နှင့်လက်မှဆွဲထားသောအိတ်အား ကုတင်ဘေးမှ စားပွဲပေါ်လှမ်းတင်လိုက်ပြီး အိပ်ရာပေါ်အားလှဲချလိုက်တော့သည်

- အာ ပင်ပန်းလိုက်တာ တစ်နေ့ တစ်နေ့ အစ်မ ကိုပဲတွေးနေမိတာ အခုဖြစ်နေတာကလေ ချစ်တာထပ် အစ်မ ကို စွဲလန်းပြီး ရူးသွပ်နေတဲ့ ရောဂါလက္ခဏာတစ်ခုမလား မသိတော့ပါဘူး တကယ် ရောဂါလိုဖြစ်နေပြီ

^^The last choice^^Where stories live. Discover now