မိုင်း စကားပြောနေပေမယ့် ဆုပြည့်တစ်ယောက်ကတော့ ဖုန်းသာ သဲကြီးမဲကြီးကြည့်နေသောကြောင့် မိုင်းလဲ ဆုပြည့် ပုခုံးကို လှမ်းရိုက်လိုက်ပြီး...
-ဟဲ့ ဘာတွေ အဲ့လောက်စိတ်ဝင်စားနေတာလဲ
- ဟို ငါ နင့်ဖုန်းနံပါတ်ပေးလိုက်တယ်နော်
-ဟမ် ဘယ်သူ့ကိုလဲ
- ငါ့ကို စိတ်မဆိုးနဲ့နော် သူက လာတောင်းတော့ ငါလဲ လွှတ်ခနဲပေးမိသွားတာ
- ပြောစမ်းပါဟယ် ဘယ်သူလဲလို့
- ဟို.....
ဆုပြည့်စကားမဆုံးခင် မိုင်း ဖုန်းထံသို့ ဖုန်းဝင်လာလေတော့သည် မိုင်း လဲ ဖုန်းနံပါတ်ကို မြင်သောအခါ contact မမှတ်ထားပေမယ့် မစိမ်းတဲ့ဖုန်းနံပါတ်မလို့ မဟုတ်ဘူး မစိမ်းရုံတင်ဘယ်ဟုတ်ပါ့မလဲ အရမ်းရင်းနှီးတဲ့ဖုန်းနံပါတ်ပေါ့ တမင် contact မမှတ်ထားလဲ အလွတ်မှတ်မိနေတော့ ခက်ရဲ့
>>>>>>>>>>>>>>>>>>>>>>
အိမ်ပြန်လမ်းတွင် မိုင်း အတွေးထဲ ရစ်ဝဲနေလေသည် နေ့လယ်က ဖုန်းဆက်လာတာ တခြားသူ မဟုတ် 'အစ်မ´ဆိုတဲ့ အမျိုးသမီး ရေပြင်ညီလို တည်ငြိမ်နေတဲ့ မိုင်းဘဝထဲ နောက်တခါ ထပ်ပြီး အစ်မ ခြေလှမ်းတွေ ချနင်းဖို့ ဖြစ်လာပြန်ပြီ အကြိမ်ကြိမ်အခါခါနဲ့ အဖန်တလဲလဲ ဖြစ်နေလဲ အစ်မ အသံကြားတာနဲ့ အမှတ်မရှိတဲ့ ရင်ခုန်သံတွေ က တဒုတ်ဒုတ်
<<<<<<<<နေ့လည်ချိန်က
မကိုင်ဘူး ဆုံးဖြတ်ထားပေမယ့် စကားနားမထောင်ချင်တဲ့ ကိုယ့်လက်တွေကအစိမ်းcallလေးဆီ....
-ဟဲလို မိုင်း
ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့အသံနဲ့အတူ အလိုက်မသိစွာ ထိန်းမရအောင် ခုန်လာတဲ့ နှလုံးသား ဒီအသံလေး မကြားရတာ ဘယ်လောက်ကြာခဲ့ပြီလဲ
-ဟဲလို ဘယ်သူလဲမသိဘူး
မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့ ထိုအမျိုးသမီးလေးက ရယ်တယ်
- အစ်မ အသံကို မိုင်း မမှတ်မိဘူးဆိုတာ မဖြစ်နိုင်ဘူး တဲ့လေ
ဘယ်လောက်တောင် ပိုင်စိုးပိုင်နင်းနိုင်လိုက်တဲ့ စကားလဲ အစ်မ ဟာလေ မိုင်းစိတ်အလုံးစုံကို သိနေသလိုမျိုး ဟန်ဆောင်နေတယ် ဆက်ပြောသေးတယ်
YOU ARE READING
^^The last choice^^
RomanceUnicode/Zawgyi အစ်မ ရဲ့ မေတ္တာမြှားဉီးတွေက ဒီကောင်မလေး ဘက်လှည့်လှည့်လာပြီး ပစ်လွှတ်လိုက်တဲ့အခါ အမြဲတခြားတစ်ယောက်ဖြစ်နေတတ်တာ မျှော်လင့်ချက်သာ ရှိရင်လေ နောက်ဆုံးပစ်လွှတ်တဲ့ အစ်မ ရဲ့ချစ်ခြင်းတရားတွေ အတွက်တော့ ညီမကိုသာ ဉီးတည်ပစ်စေချင်တယ် >>>>>>>>>>>>>>>...
အပိုင်း (၂ )
Start from the beginning
