Ultimate Gray

318 8 2
                                    

ခက်ခဲတဲ့ အချိန်တွေက နှေးကွေးစွာ ကုန်ဆုံးတယ်။
ဒီတစ်နေ့တာကို ဖြတ်သန်းရတာ တစ်ရက်ကို ၄၈ နာရီ
ရှိတဲ့ မှုန်ရီဝေမှိုင်းနေတဲ့ မီးခိုးရောင် (ultimate gray)
လွှမ်းခြုံထားသလို ခံစားချက်မျိုးကြီး။

ကျွန်တော့်အချိန်တွေက ငိုလိုက်၊ ထထိုင်လိုက်၊
ကိုယ့်ကိုယ်ကို နှစ်သက်လိုက်၊ ပြီးရင် နောက်တစ်ခါ
ပြန်ငိုလိုက်နဲ့ တစ်ပတ်လည်နေတယ်။ အဲ့လိုအခါခါ
ဖြစ်နေရင်း ကျွန်တော် ပင်ပန်းလာတယ်။ အဲဒါကြောင့်
ဒီကနေ ရအောင်ထွက်မယ့် နည်းလမ်းကို ရှာဖို့ရန်
ဆုံးဖြတ်လိုက်တော့တယ်။

တန်ဖိုးကြီးတဲ့ လက်ပ်တော့ တစ်လုံးက ကျွန်တော့်
ပေါင်ပေါ်မှာ ရှိနေတယ်။ browser ကို ဖွင့်လိုက်တော့
dark mode နဲ့ ခပ်ရှင်းရှင်း screen တစ်ခုကို
တွေ့လိုက်ရတယ်။ ဒါပေါ့! ဘယ်ဟာဖြစ်ဖြစ် သိချင်ရင်
Google ကရှာရင် အမြန်ဆုံးပဲ။

Google လို့ရိုက်ပြီးတဲ့ အချိန်မှာ နှောင့်နှေးမနေပဲ
enter ကို နှိပ်လိုက်တယ်။ တစ်ခုခုကြောင့် ကျွန်တော်
အံ့အားသင့်မသွားခင် အထိပေါ့…

ဒီကမ္ဘာမှာ Google မရှိဘူးကွ !!

တစ်ခါတစ်လေမှာ အကျိုးအကြောင်းတွေက
ရက်စက်လွန်းအားကြီးတယ်။ Parallel World ကို
ရောက်လာပြီး လူစိမ်းတစ်ယောက်လိုဖြစ်နေပြီး
ကိုယ်နဲ့ သိတဲ့သူတွေ တစ်ယောက်မှ မရှိတဲ့အဖြစ်
ကတောင် အတော် ဆိုးနေပါပြီ။

အခု ကံကြမ္မာကြီးက ကျွန်တော့်ကို Google သုံးမရအောင်
တောင် နှိပ်စက်ထားလေရဲ့။ ဒါပေမယ့် တော်ပါသေးတယ်။
သူက သက်ဆိုင်တဲ့ ရှာဖွေချက်တွေတော့ ပြထားလို့။
ဒီကမ္ဘာမှာက google အစား qooqle ရှိတာပဲ။

အဲ့စာလုံးကို အသံထွက်ပြောရတာ လည်ချောင်းပါ
နာတယ်။

အသက်တစ်ချက် ပြင်းပြင်းရှိုက်လိုက်ရင်း ကျွန်တော့်ကို ကျွန်တော် အားပေးပြီးတော့
ဝဘ်ဆိုဒ်ရှာဖွေမှုကိုသုံးပြီး ရလဒ်တွေအများကြီးကျလာမယ့်အပေါ် အာရုံစိုက်ထားလိုက်တယ်။ သေချာပေါက် ဒီကမ္ဘာမှာ ကျွန်တော်သိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ နောက်ဆုံး မျှော်လင့်ချက်တစ်ခုတော့ ကျန်နေသေးတယ်။ ကျွန်တော့်ရဲ့အိပ်မက် ကျွန်တော့်ရဲ့ အလုပ်လေ။

You've reached the end of published parts.

⏰ Last updated: Jun 08, 2022 ⏰

Add this story to your Library to get notified about new parts!

Vice Versa : Love Switch Worlds (Myanmar Trans)Where stories live. Discover now