AEGEAN BLUE

461 13 0
                                    

ဒင် !

နောက်ဆုံးရောက်လာတဲ့ email ကြောင့် ကျွန်တော် message ကို အရင်ပြေးဖတ်ရမယ့်အစား ခုံပေါ်ကနေ
ထမိလိုက်တယ်။ စားပွဲကို ပတ်ပြီးတော့ ခေါက်တုံ့ခေါက်ပြန်
လမ်းလျှောက်နေမိတယ်။ အရမ်းစိတ်လှုပ်ရှားနေတာကို
သက်သာလိုသက်သာငြား အသက်ပြင်းပြင်းရှူသွင်း
ရမယ်လို့ ကိုယ့်ကိုယ်ကို ပြောဖို့ကြိုးစားနေပေမယ့်
ဖုန်းကိုကိုင်ထားတဲ့ ကျွန်တော့်လက်တွေက ထိန်းမရဘဲ
တဆတ်ဆတ်တုန်နေခဲ့တယ်။

တစ်ဖက်ကနေ ဒီလို မမျှော်လင့်ထားဘဲ အကြောင်း
ပြန်လာတော့ ကျွန်တော် မတော်တဆ ပြုတ်မကျဘဲ
မတ်တပ်ရပ်နေနိုင်သေးတာကိုက ကံကောင်းတယ်
ပြောရမယ်။

ဒါက ကျွန်တော်ရဲ့ ဘဝတစ်ခုလုံးနဲ့ ချီပြီး အရေးပါတဲ့
email ပဲ။ ရက်သတ္တပတ် အနည်းငယ်ကြာစောင့်ပြီးတဲ့
နောက်မှာတော့ စတူဒီယိုကနေ ပြန်စာရလာခဲ့ပြီ။ အဓိက
အချက်ကတော့ ဒင်္ဂါးပြားက ခေါင်းကျမလား ပန်းကျ
မလားဆိုတာ ကျွန်တော် ကြည့်ဖို့ ကြိုးစားရဦးမှာပေါ့လေ။

ဟုတ်ပြီ။ အမှန်တရားကို ရင်ဆိုင်ရမယ့် အချိန်ရောက်ပြီ
မလား။

တစ် နှစ် သုံး

ကျွန်တော် စိတ်မလှုပ်ရှားတော့ပါဘူး။

ကျွန်တော်ဖွင့်မဖတ်ရဲရင်လည်း အဆုံးမှာ ဘယ်လိုပဲဖြစ်ဖြစ်
ဖွင့်ဖတ်ရမှာပဲမလား။
အဲ့ဒါကြောင့် ကျွန်တော့် မျက်စိရှေ့မှာ ရှိနေတဲ့ email ကို
ဖိနှိပ်လိုက်ရင်း နောက်ဆုံးအကြိမ် သတ္တိမွေးလိုက်တယ်။

" Dear Rawi Lertpanya "

အိုကေ နာမည်ကတော့ မှန်ပြီ။ သူတို့ ကျိန်းသေပေါက်
လူမှားပို့တာ မဖြစ်နိုင်တော့ဘူး။

ကျွန်တော့်မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး မျက်စိရှေ့မှာ
ရှိနေတဲ့ စာကို ဖတ်ရင်း နှလုံးခုန်နှုန်းက နှစ်ဆမြန်လာခဲ့တယ်။

" ကုမ္ပဏီဘက်က မင်းနဲ့အတူ လက်တွဲလုပ်ရမှာ
ဝမ်းမြောက်မိပါတယ် "

ချီး !!!

မကြာခင်မှာ ကျွန်တော်လည်း သူများတွေလို အလုပ်လုပ်ပြီး
အရွယ်ရောက်ခြင်းရဲ့ အရသာကို ခံစားရတော့မယ်။

Vice Versa : Love Switch Worlds (Myanmar Trans)Where stories live. Discover now