၅..လေပြင်း

Start from the beginning
                                    

"ချစ်စရာကောင်းတဲ့ကြောင်ကလေးရေ,သန်မာအောင်‌သာနေနော် ဟုတ်ပြီလား?"

ဝေါယာဉ်က ကျုံးဆွေ့နန်းဆောင်ဂိတ်တံခါးရှေ့မှာရပ်တော့ သူမအားပေါင်လက်ကိုကိုင်ပြီးဆင်းလိုက်သည်။

သူမလှည့်ကြည့်လိုက်တော့ သူမနှလုံးသားထဲကသက်ပြင်းချသံကိုပြန်ကြားလိုက်ရပြန်သည်၊ဒူကိုင်ငယ်လေးကသူ့အစေခံများ၏အကူအညီဖြင့်ဝေါယာဉ်ထဲမှတွန့်ဆုတ်စွာဆင်းနေလေသည်၊ဒီကလေးရဲ့ဘောင်းဘီကတုန်နေတာ အသိသာကြီး။အရမ်းသနားစရာကောင်းတာပဲ။

ကြောင်သေးသေးလေးကတစ္ဆေခြောက်တဲ့လှောင်အိမ်ထဲကိုဝင်သွားသလိုမျိုးခံစားလိုက်ရပြီး အတွင်းထဲမှာတော့ရက်စက်ကြမ်းကြုတ်တဲ့ခွေးအိုကြီးတစ်ကောင်ကသူတို့ရဲ့အရသာရှိတဲ့မင်းသားကိုစောင့်ဆိုင်းနေပြီး ကိုက်ဖြတ်ပစ်ဖို့ အသင့်ရှိနေသလိုပင်။

'သနားစရာကောင်းလိုက်တာ,ငါလည်းမင်းကိုနာကျင်စေခဲ့တာပါပဲ'

သူတို့က နန်းဆောင်ရဲ့အကြီးအကဲအားချက်ချင်းဂါ၀ရပြုလိုက်ကြသည်"တော်၀င်ဧကရီမိဖုရားခေါင်ကြီးကိုနှုတ်ခွန်းဆက်သပါတယ်"

အဘွားအိုက သူမလက်ကောက်၀တ်တွင်ကျောက်စိမ်းလက်ကောက်ကို၀တ်ဆင်ထားပြီးလက်ယမ်းပြလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့်" "ထပါ မင်းသမီး၊အိမ်ရှေ့စံ"

သူမ၏သားတော် နတ်ရွာစံပြီးနောက်ဧကရီ ရှီကဧကရီမိဖုရားခေါင်ကြီးဖြစ်လာခဲ့ပြီး ဘုရင်ခံအဖြစ်လည်းအုပ်ချုပ်ခွင့်လည်းရခဲ့သည်၊ထို့နောက် ဒုတိယမင်းသား-မြေးတော် ဒူကျင်းအားဧကရာဇ်မင်းအဖြစ်ခန့်အပ်ခဲ့သည်။

ဧကရာဇ် ဒူကျင်းသည်ပြယုဒ်သာဖြစ်၏။အမှန်တစ်ကယ်ဤနေရာတွင် ဧကရီမိဖုရားခေါင်ကြီးသာအာဏာရှိသူဖြစ်သည်။မိုးပြာရောင်နဂါးသည်အုပ်စိုးနိုင်ခြင်းမရှိခဲ့ပေ။

နိုင်ငံရေးတွင်သူမ၏ကြီးမားသောနှစ်များနှင့်အတူ;စစ်ရေးနှင့်သံတမန်ရေးရာကျွမ်းကျင်မှုဖြင့်အင်ပါယာတစ်ခုလုံးကအဓိကဇာတ်ဆောင်၏ကြီးမြတ်လှတဲ့အဖွားအေ လက်ထဲတွင်ရှိနေခဲ့သည်။

ရှီနု ကကောက်ကျစ်စဉ်းလဲတတ်တယ်။

ရယ်စရာကောင်းလောက်အောင်ပင် အိမ်ရှေ့စံမင်းသားကိုပညာပေးဟန်ဆောင်ကာ ရှီနုက ထိုက်ဇီ(အဓိပတိသား)အဖြစ်သတ်မှတ်လိုက်ကာ ဧကရီ၏ပြုစုစောင့်ရှောက်မှုမှအောက်မှလုယူခဲ့သည်။စုန်းမကြီးကိုမည်သူမှမဆန့်ကျင်ရဲကြပေ။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now