ပျောက်ဆုံးရဲဘော်များ၏ အခြေအနေ အား စုံစမ်းရန် လူလွှတ်ထားသော်လည်း မည်သည့်သတင်းမှ မရရှိခဲ့ကြ။စစ်ဆင်ရေးသည် အောင်မြင်ခဲ့သော်လည်း Godsအတွက် အဖိုးအခကြီး ပေးဆပ်လိုက်ရသည်။
ယခုအချိန်အခါတွင် လူတိုင်းသည် သတင်းကောင်းကိုသာ မျှော်လင့်နေကြမိလေသည်။

တပ်ဆေးပေးခန်းထဲရှိနေသော လူတိုင်းသည် မည်သူမှ မျက်နှာ အမူအယာမကောင်းကြပေ။
ဒဏ်ရာ ဒဏ်ချက်များစွာနှင့် ဆေးကုသမှု ခံယူနေသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ပျောက်ဆုံးနေသော ရဲဘော်များအတွက် ပူဆွေးနေကြလေသည်။
ထိုသို့ ဆေးပေးခန်း၌ တိတ်ဆိတ်နေချိန် စစ်စခန်း၏ အစည်းဝေး ခန်းတွင်တော့ အနည်းငယ် ဆူညံနေလေသည်။

အစည်းဝေး ခန်းထဲတွင် ခေါင်းဆောင်ပိုင်းများစုစည်းနေကာ သူတို့သည် ပျောက်ဆုံးနေသောရဲဘော်များနှင့်ပတ်သက်၍ ငြင်းခုန်နေကြလေသည်။

"မဖြစ်နိုင်ဘူး သူတို့တောင်းဆိုတာကို လုံးဝလက်မခံနိူင်ဘူး"

ဗိုလ်မှူး ပီတာ သည် စာချုပ်ပေါ်မှ အချက်အလက်အား ဖတ်ရှုပြီးနောက် ငြင်းပယ်လာသည်။

"ဒီလူတွေက ငါ့ရဲ့ ဂျူနီယာ တွေ ပြီးတော့ အခုထိ သူတို့ရဲ့သတင်းကို မကြားရသေးဘူး ခင်များ ဒီလိုအလျင်စလို ဆုံးဖြတ်လိုက်လို့မရဘူး"

"ငါလည်း သူတို့တောင်းဆိုတာက မဖြစ်နိူင်ဘူး လို့ထင်တယ်"
ဗိုလ်မှူးကြီး သည်လည်း စာချုပ်ပါ အချက်အလက်အား လက်မခံနိူင်သည့်ဟန်ပင်။

"ထင်တာမဟုတ်ဘူး လုံးဝကို မဖြစ်နိူင်တာ
ဒုတိယ စစ်ဆင်ရေး ကို မရှိသလိုဖုံးလိုက်ရမယ် ဟုတ်လား ခွေးစကားတွေ လာပြောနေတာလား
Second mission မှာ ပါတဲ့ ဗိုလ်ကြီး ချားလစ်ကသေသလားရှင်သလား အခုထိ ဘာသတင်းမှမကြားရသေးဘူး သူတို့က ဒီလို တောင်းဆိုချက်မျိုးလုပ်ရဲတယ် ဟွန့်းးးး အဲ့ဒီ ကုလားဖြူကောင်တွေကို ကိုယ့်အမေ ကိုယ်*ိုးနေလိုက် လို့ဘဲ ပြန်ပြောလိုက်"

ကြာလာလေ ရိုင်းလာလေဖြစ်သော ဗိုလ်မှူးပီတာ၏ စကားများအား မည်သူ မှ တားမြစ်လာခြင်းမရှိပေ။သူတို့သည်လည်း ဗိုလ်မှူးပီတာ နည်းတူ ထိုတောင်းဆိုချက်အားလက်မခံနိူင်သောကြောင့်ပင်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now