Part - 26

4.3K 338 12
                                    

(Unicode)

လွန်ခဲ့သော နှစ်နှစ်

ညနေခင်း ချိန် လူရှင်းနေသော လမ်းမကြီး
တစ်နည်းအားဖြင့် ထိုလမ်းမကြီးသည် AYA private schoolရှေ့မှ လမ်းမကြီး ဖြစ်သည်။
သီးသန့် ဆန်သည့် ပတ်ဝန်းကျင် ဖြစ်၍လား မသိကားအချို့သာ ဖြတ်သန်း သွားလာနေကာ လမ်းဘေးတွင် လမ်းလျှောက်နေကြသူ အချို့နှင့် ဟိုဟိုဒီဒီသွားရန် စက်ဘီးစီးသွားကြသော လူအချို့မှလွဲ လမ်းမ တစ်ခုလုံးမှာ အနည်းငယ် တိတ်ဆိတ်နေသည်။

ထို လမ်းဘေး လမ်းလျှောက်နေသူ များထဲတွင် ချားလစ်လည်း အပါဝင် ဖြစ်ကာ သူ၏ ဘေးတွင်တော့ William က ပါလာသည်။
သူတို့ မလှမ်း မကမ်းမှ ကျောင်း တံခါး ကြီးအား လမ်းလျှောက်ရင်း လှမ်းကြည့်လိုက်မိသည်။

"မင်း အပတ်တိုင်း ဒီအချိန်ဆို မင်းကျောင်းကနေ ဒီအထိ ပြေးလာတာရတာ မပင်ပန်း ဘူးလား "
William အမေးကြောင့် ချားလစ် မျက်နှာ တွင် အပြုံးပန်းများ ဖြစ်တည်လာသည်။

"တကယ်တော့ မပင်ပန်းဘူးလို့ ပြောရင် ညာရာ ကျတာပေါ့
ပင်ပန်းပေမဲ့ သူ့မျက်နှာလေး မြင်လိုက်ရတာနဲ့ ရင်တစ်ခုလုံး အေးချမ်းသွားပြီး အမောပြေသွားတော့တာဘဲ သူက ကျွန်တော့် အတွက် အမောပြေဆေး လေ"
ချားလစ် ရယ်ရွမ်းသွေးရင်း ပြောလာသောကြောင့် Williamတစ်ယောက် မျက်ဖြူလန်ပြကာ ရွံရှာသလို အော့အန်ပြလိုက်သည်။
ဖြစ်နေသော William ပုံကြောင့် ချားလစ် အသာ ခေါင်းခါရင်း ရယ်လိုက်မိသည်။

"အစ်ကိုက ချစ်မှ မချစ်ဖူးဘဲ ဒီလို ခံစားချက်မျိုးကို ဘယ်နားလည် နိူင်မလဲ "
ချားလစ် စကားကြောင့် William တစ်ယောက် သူ့အား ပြောလာသည်။

"မင်းကတော့ ဆေးမမှီတော့ဘူး "

Willaim တစ်ယောက် ချားလစ်နှင့် စကားပြောနေရင်း လမ်းဘေး ရပ်ထားသော ကားတစီးအား လှမ်းမြင်လိုက်၍ သူမျက်မှောင်ကြုတ်မိသွားသည်။
ချားလစ်လည်း William လှမ်းကြည့်ရာ နေရာအား လှမ်းကြည့် သော်လည်း ကားတစ်စီးမှ လွဲ၍ ဘာမှ မတွေ့ ။
"အစ်ကို့ အသိ ကားလား "
သူ့စကားအား William ခေါင်းခါပြကာ ပြန်ဖြေလာသည်။

"မဟုတ်ဘူး"
William မှာ ထိုကားအား အကြည့် မလွဲဖြစ်နေ၍ ချားလစ် ထပ်မေးလိုက်သည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Tempat cerita menjadi hidup. Temukan sekarang