ထိုလူ၏ စကားကြောင့် အဖော်ဖြစ်သူက ခေါင်းအသာငြိတ်ပြလာသည်။

"တစ်ခြားသူတွေကို သတင်းပို့ဖို့လိုသေးလား"

"မလိုဘူး ဒီလောက်ဒဏ်ရာရထားတဲ့သူက သေသွားတာဆန်းလို့လား ရှင်းလိုက်တော့ အလောင်းကို ကားပေါ်တင်သွားတာ ကားလေးရုံဘဲရှိမယ်"

သူ၏စကားကြောင့် သူ့အဖော်သည် လက်ထဲမှ သေနတ်အားမောင်းတင်လိုက်သည်။ထို့ကြောင့်ထိုလူက သေနတ်မောင်းတင်သောသူ၏အဖော်အားကြည့်ကာ မေးလာသည်။

"မင်း ဘာလုပ် မလို့ လဲ"

"သေသွားတာ သေချာသွားအောင် သေနတ်နဲ့ ရှင်းပစ်မလို့"

"မလိုဘူး အရေးမပါတဲ့ အလောင်းတစ်လောင်းအတွက် ကျည်ဆံ အကုန်မခံနဲ့"

"အေး... မင်းပြောတာလည်း ဟုတ်တာဘဲ"

ထို့နောက် သူတို့နှစ်ဦး သည် ကားထဲမှ အေးစက်စပြုနေပြီဖြစ်သော အလောင်းအား လက်မှ တစ်ယောက် ခြေဘက်မှတစ်ယောက်ကိုင်မကာ မြေလမ်းမထက် အညှာအတာ ကင်းမဲ့စွာ လွှင့်ပစ်လိုက်လေသည်။

မနက်လေအေးများတိုက်ခိုက်လာသော တောတွင်းညသည် ယနေ့ မနက်တွင် သာမာန်ထက်အနည်းငယ် ပိုအေးသလိုပင်။သဲမြေလမ်းမထက်တွင်တော့ အလောင်းတစ်လောင်းသည် အထီးကျန်စွာ လဲလျောင်းနေခဲ့လေသည်။သူ၏အနားတွင် မည်သူမှမရှိ၊သူ၏ကျောခင်းသည် မြေကြီးဖြစ်ကာ သူ၏အမိုးအကာသည် ကောင်းကင်ဖြစ်ပြီး လမင်းနှင့် ကြယ်စင်အချို့သည် သူ့အား အုပ်မိုးကြည့်နေလေသည်။
ထိုလမင်းနှင့် ကြယ်စင်များသည် ကမ္ဘာမြေပေါ်မှ ထွက်ခွာသွားသော သူ့အားကြည့်နေဟန်ပေါက်လေကာ ညလေညှင်းသည်တော့ သူ၏ဝိဉာဏ်အား လိုရာခရီးသို့ သယ်ဆောင်သွားဟန် တူနေလေသည်။

Pickup truck ကားများထွက်ခွာသွားသည်မှာ အချိန်ခေတ္တကြာနေပြီဖြစ်ကာ တောအုပ် ထဲတွင် သူသည်အထီးကျန်စွာ လဲလျောင်းကျန်နေခဲ့လေသည်။
ထိုသို့ သိပ်မကြာသော အချိန်တွင် သဲမြေလမ်းမကြီး အား ကန့်လန်ဖြတ် လဲလျောင်းနေသည့် အလောင်းရှေ့သို့ အဖြူရောင် ကားတစ်စီးဆိုက်ကပ်သွားခဲ့လေသည်။

<<<<<< >>>>>>

အီရတ်ရှိ Gods ၏ စစ်စခန်းတွင် ဖြစ်သည်။
ဆေးပေးခန်း၏ ကုတင်ပေါ်တွင် လူများနှင့် ပြည့်နေလေသည်။ထိုလူများသည် စစ်ဆင်ရေး ၌ ဒဏ်ရာ ရခဲ့သူများဖြစ်လေသည်။Joh သည်ဒဏ်ရာရ ရဲဘော်များ၏အခြေနေ အား စောင့်ကြည့်ရင်း သူသည် စိတ်ဓာတ်ကျစွာ ခေါင်းကိုငုံ့ထားမိသည်။
ယခုအခေါက် စစ်ဆင်ရေးတွင် သူ၏ရဲဘော်များ ဆုံးရှုံးလိုက်ရကာ သူ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သော ချားလစ်သည်လည်း စစ်စခန်းသို့ ပြန်ရောက်မလာခဲ့ပေ။
Johသည် ရန်သူ့စစ်စခန်းမှ ထွက်လာပြီးနောက် ချားလစ်အား ပြန်ခေါ်ချင်သော်လည်း အထက်၏ တားမြစ်မိန့်ကြောင့် သူပြန်ဝင်မရခဲ့ပေ။
သူသည် တစ်ညလုံး မှ တစ်နေ့လုံးထိ သူတို့ချိန်းထားသောနေရာတွင် ချားလစ်အား စောင့်နေခဲ့သည်။သေးငယ်သော မျှော်လင့်ချက်တစ်စအား အားတင်းဖမ်းဆုပ်ထားရင်း စောင့်မျှော်ခဲ့သော်လည်း လူနှင့် တူသည့်အရာဟူ၍ မည်သည့်အရာမှသူ့စောင့်နေရာသို့ရောက်မလာခဲ့ပေ။
ထိုညမှ စ၍ ချားလစ်သည် ပျောက်ဆုံးသွားခဲ့လေသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now