ဘယ်သူပြောလဲ...host ကအတိတ်မေ့နေတယ်လို့...အတိတ်မေ့နေတယ်ပဲထားဦး...အရင်အကျင့်တွေကို...ဒီထိယူလာစရာလိုလို့လား

six မှာသူပြောနေတာကိုဂရုမစိုက်စွာ မှန်ရှေ့မှာခန္ဓာကိုယ်ကို တစ်ပတ်ပင်လှည့်လိုက်ပြီး Confidence level so high နေသော သူhost ကြောင့် မူးလဲချင်စိတ်ပင်ပေါက်သွားရသည်။

လုရိပိုင်- "ဝမ်ဝမ်...ညီ...မလားသေးဘူးလား...အကိုတို့နောက်ကျတော့မယ်နော် "

Six- [ ကဲ...host ကို...မပြောဘူးလား...မြန်မြန်သွားပါဆို ]

Host- " ဟုတ်အကို...ကျွန်တော်လာပါပြီဗျ "

ဝမ်ပိုင် အောက်ထပ်ကိုမြန်မြန်ဆင်းလာလိုက်ပြီး မားဆီသွားလိုက်သည်။

" ဝါး...မားသားလေးကချောလိုက်တာကွယ် "

သားဖြစ်သူကို ဖက်လိုက်ရင်း ကြည်နှုးစွာပြောလိုက်သည်။

Host- " ......."

ဝမ်ပိုင်သိပ်တော့မအံသြတော့ နဂိုပိုင်ရှင်ရဲ့အမေဖြစ်သူဟာလည်း လုဝမ်ပိုင်လို သားမျိုးရထားတာ ကံကောင်းတယ်လို့ပြောရမည်။ ကိုယ်ပိုင်ရှင် လုဝမ်ပိုင်ဟာ အသားကြီးလွန်း၊အသန့်ကြိုက်လွန်းပြီး ကြီးကြီးကျယ်ကျယ်နိုင်လွန်း၊လျှာရှည်နိုင်လွန်းအားကြီးလို့ သူ့အမေကိုအဖက်မခံခဲ့သမျှ ခုသူကဖက်ခံတော့ အရင်ကဟာတွေကိုအတိုးရောအရင်းကော ပေါင်းပြီးအဖက်ခံနေရသည်မလား။နဂိုပိုင်ရှင်အမေဟာ သူ့ကိုအခုနောက်ပိုင်း အကြောင်းမရှိအကြောင်းရှာပြီး ဖက်လေ့ရှိသည်။

.......
.......

ကျားရှင်းရန်- " ရိလေး...ရောက်လာပြီလား...ကိုကစောင့်နေရတာ "

ရိပိုင် သူ့ကိုခေါ်တယ်ဆိုတာ လှည့်မကြည့်သိလိုက်သည်။ဘယ်သူဆိုတာပါ သူလှည့်မကြည့်ဘဲသိသည်။

Host- " six ဒုဇာတ်က...ငါ့အကိုကို...ရိလေးလို့ခေါ်လိုက်တယ် "

ဝမ်ပိုင်မှာ ပွဲထဲရောက်ထဲကအနားကမခွာခိုင်းဘဲနေခိုင်းတဲ့အကိုဖြစ်သူကြောင့် ဘယ်မှမသွားရဘဲ အကိုအနားတောက်တဲ့လိုကပ်နေရသည်။ အဲ့အချိန် ခေါ်သံတစ်ခုကြားတော့ လှည့်ကြည့်လိုက်တော့ ဒုဇာတ်လိုက်ဖြစ်နေသည်။ဝမ်ပိုင် ဒုဇာတ်လိုက်ကိုအကဲခတ်ကြည့်လိုက်တော့ ပြုံးရောင်သန်းနေတဲ့ နှုတ်ခမ်း၊ မျက်နှာသွယ်သွယ်နဲ့ အပြာဖျော့ရောင်ပွဲတတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ဒုဇာတ်လိုက်ပုံစံဟာ ဘယ်လောက်ပဲ လူကြီးလူကောင်းဆန်ဆန်ဝတ်ဆင်ထားထား ထိုလူကြီးဆန်မှုအောက်မှာ ပွေရှုပ်တတ်ပြီး ပျော်ပါးလွတ်လပ်နေတဲ့သူဆိုတာ ဝမ်ပိုင်သိနိုင်သည်။ မျက်လုံးများကလည်းအရောင်တောက်တောက်နဲ့ သူ့အကိုကိုကြည့်နေသဖြင့် ဝမ်ပိုင်စိတ်ဝင်စားသွားရသည်။

ကျားရှင်းရန်- " ရို့...ကိုယ့်ရဲ့ရိလေးက...ကိုယ်ကိုစိတ်ဆိုးနေတာလားမှန်းစမ်း "

လုရိပိုင်- " ဖယ် "

ထိုကျားရှင်းရန်ဆိုသူဟာ သူရဲ့ပုခုံးပေါ်ကို လက်တင်ထားပြီး နောက်လက်တစ်ဖက်က သူ့မေးကိုပင့်တင်လိုက်သဖြင့် ဒေါသထွက်လာရသည်။ဒေါသထွက်လွန်းသဖြင့် သူမျက်နှာမှာ အနီရင့်ရင့်ဘက်သို့ကူးနေသည်။

Host-  ကိုကိုကြီးက...ရှက်နေတာပဲ...သေချာပြီဒီနှစ်ယောက်... ဟီး...ဟီး...ဟီး...ဒီထဲမှာ...ငါ့ရဲ့အကိုက uke ပဲ...ရှက်နေလိုက်တာများ...ပါးလေးကိုရဲနေတာပဲ

ဝမ်ပိုင်မှာ စစ်တော့စစ်ပေမယ့် boy to boy ကိုမထောက်ခံတဲ့ထဲမှာမပါပေ။ ရှုံချဖို့ဆိုတာ ဝေးသေး ။ တကယ်တော့ gay ဆိုတာလည်း လူသားတစ်ဦးပင်ဖြစ်သည်မလား။ သူတို့ရဲ့ စိတ်ဝင်စားမှုက အများနဲ့ မတူညီတာလေးတစ်ခုပင်။ဝမ်ပိုင်မှာ ယောကျာ်းလေးသာဖြစ်သည် အရင်ဘဝကလည်း တွေ့သမျှ ယောက်ျားတိုင်းကို လင်ပေးစားချင်စိတ်အပြည့်အဝရှိသူဖြစ်သည်။ ခက်တာက သူကလူတွေနဲ့ အရင်းတစ်နှိီးမနေတော့ သူ့ရည်မှန်းချက်က မဖြစ်မြောက်ခဲ့ ။ ဒီ system ထဲ ရောက်မှ boy တွေအကုန်လုံးကို လင်ပေးစားပစ်မယ်လို့ ကျိမ်းလိုက်သည်။ ဝမ်ပိုင်ရဲ့စိတ်ကပြောရမယ်ဆို ကိုယ်ကိုတိုင်တော့ မိန်းမယူချင်တယ် သူများကိုတော့ လင်ပေးစားချင်တဲ့ အဖြစ်ပင်။

.......

writer- ကိုယ့်သားလို...ကိုယ်ကအဆဲမကြမ်းပါဘူးနော်...အသဲလေးတွေကြိုက်ရင်ကိုယ့်ပဲလာကြိုက်😗😋

Host-ငါဘယ်မှာ...အဆဲကြမ်းလို့လဲ...သောက်အီးပဲ...ယီးမို့ငါ့ကိုလာပြောနေတာလား...writer စုတ်

writer- သောက်အီးမို့...ငါ့ကိုလာပြောနေတာလား...host ဆိုတဲ့အကောင်...မင်းကိုငါမွေးထားတာ...ပြန်မပြောနဲ့

host- ငယီးလိုမွေးလေ...

Writer-အပိုတွေမပြောနဲ့....fa က fa လိုနေ

Host- .......

six-နာကျင်မှုတွေ....နာကျင်မှုတွေ

writer- ( ကျေနပ်နေသော မျက်နှာကြီးဖြင့်)

system one o six(106) S -1 ( Z &U )Where stories live. Discover now