Ch-5

491 42 3
                                    

Zawgyi

အခန်း ၅-အိမ်ရှေ့စံမင်းသား
.....

တရက်ကြာပြီးတဲ့နောက်မှာ ကျားလိကသူမအစ်မကို စာရေးရေးနေတဲ့လူထူးဆန်းနှင့်တွေ့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

"နန်ကျင်း, ငါ့ဆံပင်ကိုသေချာပြင်ပေးအုံး!
ပြီးတော့ နင့်ကိုယ်တိုင်လဲ သေချာဝတ်စားထား! ငါသွားတွေ့တဲ့အခါကျ နင်ပါလိုက်ရမှာနားလည်လား?"

''ဟုတ်ကဲ့ မမလေး"

ကျားလိက သူမ၏အလှသည် ပုရိသတိုင်းကိုဆွဲဆောင်နိုင်မှန်း သူမသိသည်။ သူမကရင်းယွဲ့ကိုမုန်းတီးနေပြီး တိုက်ရိုက်မတိုက်ခိုက်နိူင်မှန်းလည်း သူမကိုယ်သူမသိသောကြောင့် တခြားနည်းများဖြင့်သာ ပြိုင်ဆိုင်ဖို့ကြိုးစားနေလေ့ရှိသည်။

နောက်ဆုံးမှာတော့ ကျားလိအဝတ်အစားဝတ်ဆင်လို့ ပြီးသွားလေပြီ။ သူမက သူမရဲ့အကောင်းဆုံးထဲကတစ်ခုဖြစ်သည့် ရွှေရောင်ဖီးနစ်ငှက်ပုံ ပန်းထိုးထားသော အပြာနုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ ထိုဝတ်စုံသည် လွန်ခဲ့သောလက သူမအမေကိုယ်တိုင် အကောင်းဆုံးအင်္ကျီချုပ်ပညာရှင်ဆီမှာ အပ်ပြီး သူမကိုမွေးနေ့လက်ဆောင်အဖြစ်ပေးထားတာဖြစ်သည်။

သူမရဲ့ ဆံနွယ်ရှည်များကို ရွှေရောင်ပန်းဆံထိုးလှလှလေးများနှင့် ထုံးဖွဲ့ထားကာ ပါးနှင့် နှုတ်ခမ်းတစ်စုံကိုလဲ နှင်းဆီနီရောင်ခြယ်သထားသေးသည်။ အားလုံးပြင်ဆင်ပြီးချိန်မှာတော့ သူမ လူထူးဆန်းနှင့်တွေ့ဖို့ရန်သာ ကျန်တော့သည်။

" ဟား! နန်ကျင်း ငါ့ကိုကြည့်အုံး! ငါ့ဆီကနေ အကြည့်လွှဲနိုင်တဲ့ယောကျာ်း တစ်ယောက်တောင်ရှိလိမ့်မယ်လို့မထင်ဘူး!"

"ဒါပေါ့ မမလေး! ဘယ်မိန်းကလေးကမှ မမလေးရဲ့အလှကိုမယှဉ်နိုင်ဘူး"

ကျားလိဟာ မြို့တော်တစ်လျှောက် ပျော်ပျော်ကြီးလမ်းလျှောက်လာနေရင်း နောက်ဆုံးတေ့ာ သူမသွားလိုသည့်နေရာကိုရောက်ရှိလာသည်။ သို့သော် ဤနေရာတွင် မည်သူမှမရောက်သေးပေ။ လူထူးဆန်းကလာဖို့နောက်ကျနေတာပဲလို့ထင်ပြီး ကျားလိက ကျောက်ခုံလေးပေါ်မှာ ထိုင်ပြီး စောင့်နေခဲ့သည်။

နဂါးဧကရီ၏ ​ပျော်​ရွှင်​ဖွယ်​ဇာတ်​သိမ်း ( Myanmar translation)Unde poveștirile trăiesc. Descoperă acum