မေမေ့မျက်ရည်တွေကိုစိမ့်သုတ်ပေးပြီး ဖေဖေနှင့်မေမေ့အား ဖက်လိုက်သည်။စိမ့်အခုချိန်ကစပြီး မိဘတွေရှေ့မှာ မငိုတော့ဘူး လို့ဆုံးဖြတ်ထားခဲ့သည်။စိမ့်တို့ အောက်ကို ဆင်းလာတော့ အားလုံးဟာ အပြုံးကိုယ်စီနှင့်ပင်

ကိုမိုးက တော့ အဆင်ပြေရဲ့လားဆိုသည့် အကြည့်နှင့်သာ

အသိုင်းအဝိုင်းကြီးတစ်ခုရဲ့ စေ့စပ်ပွဲသည်ခမ်းနားထည်ဝါလွန်းလှသည်။စိမ့်အနေကြပ်လာရသည်က ကောင်းကင်ထက်ယံကြောင့်ပင် သူသည် သိပ်ကို ထိကပါးရိကပါး လုပ်သည်။တဇွတ်ထိုးဆန်သည်။အရှိန်အဝါကြီး တစ်ခုလို လုပ်ငန်းရှင်တွေကြားမှာလည်း ‌ေကျာ်ကြားသေးသည်။မောက်မာသည် အတ္တကြီးသည် စိမ့်အနေနှင့် ကောင်းကင်ထက်ယံပေါ် စိတ်ဝင်စားမှု အနည်းငယ်မျှမရှိခဲ့ပါ။ စေ့စပ်ပွဲအပြီး စိမ့်ကို အခြားအပြင်အဆင်တစ်ခုပြင်စေကာ ကောင်းကင်သည် တခြားပါတီတစ်ခုဆီသို့ခေါ်လာပြန်သည်။

The unique ရဲ့ အခြား ဗီလာတစ်ခုကိုပင်။မြစ်ကမ်းနားမှာမို့ သာယာသလို ရှိနေသည်။နေဝင်ဆည်းဆာအလှသည်လည်း ကောင်းကင်ထက်ယံအနားမှာ ရှိ၍ လားမသိ သိပ်ကိုအကျည်းတန်လှသည်။

"သခင်လေးကတကယ်ကြီးစေ့စပ်ခဲ့ပြီပေါ့ "

"ငါတို့သခင်လေးက အလှတကာ့အလှလေးကို ရွေးနိုင်ခဲ့တာ ဂုဏ်ယူပါတယ်သခင်လေး"

"လာဟေ့ လာဟေ့ သခင်လေးအတွက်ဂုဏ်ပြုပေးကြရအောင်"

ကောင်းကင်ထက်ယံသည် အကြည့်တစ်ချက်ဖြင့်သာကြည့်ရင်း စီးကရက်အားသောက်နေခဲ့သည်။ စားပွဲဝိုင်းရှိ မိန်းကလေးယောက်ျားလေးတို့ကတော့ စကားတွေဆက်တိုက်ရွတ်နေကြလျှက်

"စေ့စပ်တာပဲ ကို အချိန်တန်ရင် ကောင်းကင် က မ ဆီပြန်လာမယ်မလား"

"ဘာစောက်ကြောင်းရှိလို့ လာရမှာလဲ"

"ဟ....ဟ"

နေဝါတစ်ယောက်အသက်မပါစွာရယ်လိုက်ပြီး စိမ့်ကိုစိုက်ကြည့်လာသည်။ စိမ့်သူမကို မှတ်မိပါတယ် ဟိုတစ်ခါအိမ်ပါတီမှာတုန်းက အများသုံးသန့်စင်ခန်း အမပဲ ။ရုပ်ကလေးကအပြစ်မဆိုရက် စရာပဲ ဒါပေမဲ့ ဦးနှောက်ရှိပုံမပေါ်ဘူး ဘာလို့ဆို ကောင်းကင်ထက်ယံဆိုတဲ့ လူယုတ်မာကိုကြိုက်ကတည်းက အရူး တွေ ဖြစ်နေကြလို့ပဲလေ

I am not girl(Complete)Where stories live. Discover now