"တောင်းပန်ပါတယ် Boss"

"ဟက်!"

လုပ်ငန်းအကြောင်းအရာတွေကို မိုးထက်ကဆရာစားမချန်သင်ပြပြီး ရှယ်ယာရှင်တစ်ချို့နဲ့ တွေ့ဆုံစကားပြောစေသည်။သိသင့်သိထိုက်တာတွေ အချိန်ပေးကာ ပြောပြ ဆွေးနွေး လို့အပြီးမှာ ကောင်းကင်ဟာ အနာဂတ်မှာ သိပ်ကို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်မယ် ဆိုတာ သူအာမခံရဲသည်။

မိုးထက်ကို မထီမဲ့မြင်လုပ်တာ၊ မလေးမစားလုပ်တာ တွေကို မိုးထက်စိတ်ထဲမထားခဲ့ပေ။နှိမ်ရင်လည်း သူခံလိုက်သည်။ဟားရင်လည်း ပြုံးပြုံးလေးသာတုံ့ပြန်မိသည်။မေတ္တာဆိုတာ အရောင်ပြန်ဟက်တတ်သည်လေ တစ်နေ့ သူ့ကို ကောင်းကင်က လက်ခံလာမယ် ဆိုတာသူယုံသည်။ မိုးထက် သည် ကောင်းကင် မလိမ္မာတာရှိရင် ဆုံးမသည်။မရရင်တောင်် တစ်ဖက်သားအထိမနာစေရေးအတွက် သူအမြဲ အနောက်က လိုက်ရှင်းပေးတာဖြစ်သည်။

တစ်ပတ်အကြာမှာ ကောင်းကင်ထက်ယံနှင့် သူ့မိသားစုက စိမ့်တို့ အိမ်တော်သို့ ရောက်လာကြသည်။ရှေ့နေနှစ်ယောက်နှင့် အသိမိတ်ဆွေ အချို့လည်း ပါလာကြသည်။ဒီမနက်ဖွားဖွား သည် စိမ့်အား မမမြတ်နိုးနှင့် အလှဆုံး ဖြစ်နေစေရန်ပြင်ဆင်ခိုင်းခဲ့သည်။ဆံပင်တို့အား အပြောင်သိမ်းပြီး ဆံထုံးထုံး ဆံထိုး ကလစ်တို့ကအစ စိန်‌ေရွှ ရတနာ များနှင့် ပြုလုပ်ထားကြသည်။ဘယက်လည်ဆွဲနှင့် ပလဲသီးများကအစ

ပြင်ဆင်ပြီးသည့်အချိန် ဖေဖေနှင့်မေမေ အခန်းထဲသို့ဝင်လာကြသည်။သို့ပေမဲ့ မျက်နှာတို့က မရွှင်မပြရှိကြပေသည်။

မမမြတ်နိုးသည်လည်း အလိုက်တသိ ထွက်သွားပေးရှာသည်။

"သား ဒီနွံထဲကမရုန်းနိုင်တော့ဘူး သားဘာလုပ်ဖို့ ဆုံးဖြတ်ထားလဲ"

"သားအားနည်းနေလို့မရဘူးဖေဖေ သား ကောင်းကင်ထက်ယံနဲ့ ရင်ဆိုင်ဖြေရှင်းမှ ဖြစ်မဲ့ ကိစ္စပဲ သားသေချာ ကြိုးစားပြီး သားဘဝအမှန်ကို ပြောပြဖို့လုပ်ရမယ် ဖွားဖွား ရဲ့ လက်ကလွတ်အောင်ရုန်းဖို့လည်း အချိန်ယူရအုံးမယ် မလား"

"သားအရမ်းပင်ပန်းနေပြီ"

"သားမပင်ပန်းပါဘူး သားသေသချာချာကြိုးစားမယ် မေမေ "

I am not girl(Complete)Where stories live. Discover now