Chapter 46 _ အဆုံးသတ်ရလဒ်

शुरू से प्रारंभ करें:
                                    

ထိုအချိန်တွင်၊ အန်တီကျန်းက နှစ်လွှာသို့ ပြေးတက်သွားပြီဖြစ်၏။ ပိုင်ရွှိက လွန်စွာ အလောတကြီးဖြစ်နေပြီး၊ ချောင်ချန့်က လွှတ်ပေးလိုက်သည်ကို တွေ့သည့်အခါ၊ သူတို့နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ၊ နောက်ကိုလှည့်၍သာ အပေါ်ထပ်သို့ တွယ်တက်လေတော့သည်။

ရှင်ယဲ့ အော်ပြောလိုက်၏: "ခြေထောက်ကို ဖက်ထား!"

ပိုင်ရွှိ၏ လှုပ်ရှားမှုက အလွန်ကို မြန်ဆန်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လှေကားတစ်ဝက်သို့ ရောက်သွားခဲ့သည်။ သို့သော် အသက်ကိုရင်းထားသည့် ချောင်ချန့်ကလည်း ပေါ့သေးသေးမဟုတ်ချေ။ ရှင်ယဲ့ အမိန့်ပေးသည်ကို ကြားလိုက်သည်နှင့်၊ လွှားခနဲအမှီလိုက်ကာ၊ ပိုင်ရွှိ၏ ပေါင်ကို ဖက်ထားလိုက်ပြီး၊ သူမ၏ ခြေလှမ်းများကိုတားဆီးလိုက်လေတော့၏။

ရှင်ယဲ့ ပိုင်ရွှိကို လုံးလုံးလျားလျား တားဆီး၍မရနိုင်မှန်း သိလေသည်။ ထို့အပြင် အန်တီကျန်း တစ်ယောက်တည်း ရှုခင်းပန်းချီကားကို ကိုင်ပြီး၊ အပေါ်ထပ်သို့ သွားခိုင်းလို့လည်း မရချေ။

နှစ်လွှာတွင် ကွမ်းလင်ရှိနေပြီး၊  သုံးလွှာက စန္ဒရားအောက်တွင် ပိနေသည့် သီခွမ့်ကလည်း ထွက်မလာနိုင်ဘူးဟု မပြောနိုင်ချေ။ အန်တီကျန်းမှာ တစ်ယောက်တည်းသွားဖို့ရာ အလွန် အန္တရာယ်များသည့်အတွက်၊ သူတို့ လိုက်သွားမှ ရမည်ဖြစ်သည်။

ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ၊ အန်တီကျန်းက အပေါ်တစ်ထပ်သို့ ပြေးသွားသည့်အချိန်၊ သူတို့လည်း ပိုင်ရွှိကို အပေါ်တစ်ထပ် တက်ခိုင်းလိုက်ပြီး၊ ပိုင်ရွှိက အန်တီကျန်းကို မမိနိုင်အောင် အချိန်မီတားထားလိုက်လျှင်၊ အချိန်ထပ်ဆွဲပေးထားနိုင်မည်ဖြစ်ကာ၊ အန်တီကျန်းအား ကစားသူများနှင့် ပိုင်ရွှိ၏ ထပ်ဆင့်တိုက်ခိုက်ခံရမည့် ရန်မှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။

ကံကောင်းနေသည့် တစ်ခုတည်းသောအရာမှာ 'ခုန်ပေါက်ခုန်ပေါက်ပင်ပေါင်ဘောလုံးများ' က အချိန်မပြည့်သေးခြင်းပင်ဖြစ်သည်။ ကံကြမ္မာဆန့်ကျင်အဖွဲ့က သီခွမ့်ကလည်း ဖုန်းကို ကောက်ဖို့တောင် စဉ်းစား၍ ရနိုင်မည်မဟုတ်ချေ။

High Energy QR Code [ Myanmar translation ]जहाँ कहानियाँ रहती हैं। अभी खोजें