လက်တစ်ဖဝါးစာဘုရားဆင်းတုတော်ပါ... သပ္ပာယ်ရလွန်းလို့ ခဏတာတော့ဒုက္ခတွေမေ့ပျောက်သွားတယ်...

"နေ့ဆွမ်းပေးရမဲ့အချိန်မလို့ ကိုယ်တော်ကိုကြွခွင့်ပြုပါ..."

"မှန်ပါ့ဘုရား..."

ဒီကနေဘဲမြေးတွေ ကိုယ်တိုင်စောင့်ရှောက်ထားတဲ့သားသမီးရင်းချာလိုလူယုံတော်တွေ ကျေးဇူးရှိတဲ့Prinမိသားစု ဘေးအန္တရာယ်ကင်းပါစေ တပည့်တော်မပြုခဲ့သမျှကုသိုလ်ကောင်းမှုတွေနဲ့ အမျှဝေပါတယ် သာဓု သာဓု သာဓု...

.................

"ညီလေး အချိန်မဆွဲပါနဲ့တော့ လူတွေသေကြေနေကြပြီ လူ့အသက်သေတာများလေ စေတန်အားကြီးလေဘဲ ကုသနိုင်တဲ့နည်းရှိနေတာကို မကုသဘဲထားတာ မကောင်းတဲ့စရိုက်ပါ..."

"အစ်ကိုရူးနေပြီလား ကျွန်တော့်အပေါ်ကျေးဇူးရှိနေတဲ့လူတစ်ယောက်ကို ဘာကြောင့်သတ်ရမှာလဲ..."

"ဓားကိုင်ထားတဲ့လက်ကိုဘဲငှားပါညီလေး... ကျန်တာအစ်ကိုဘာသာလုပ်လိုက်မှာမလို့ နောက်ဆံမတင်းပါနဲ့... အစ်ကိုသေဆုံးသွားခဲ့တဲ့အခါ ဆေးဆိုင်လေးကိုဆက်လက်လွဲယူပါ  အကူညီလိုအပ်သူတွေကို တတ်နိုင်သလောက်ကူညီပေးပါ မြို့ပြကြီးကညီလေးအတွက်အန္တရာယ်ရှိတာမလို့ တောတောင်မှာဘဲအခြေချနေထိုင်ပါညီလေး..."

စိတ်လွတ်နေတုန်း ဓားနဲ့ကိုယ်တိုင်ထိုးသွင်းလိုက်တဲ့အစ်ကိုရူပါတစ်ယောက် ပြုံးပြုံးလေးနဲ့ဘဲအိပ်စက်သွားခဲ့ပြီ...

"မဟုတ်ဘူး မဖြစ်ရဘူး အစ်ကို ကျွန်တော့်ကိုမထားခဲ့ပါနဲ့ဗျာ... မလုပ်ပါနဲ့ ကျွန်တော်တစ်ယောက်တည်း အသက်မရှင်နိုင်လို့ပါ..."

အရင်လိုဆုံးမမဲ့သူ စောင့်ရှောက်မဲ့သူ စိတ်ပူနေတဲ့မျက်နှာနဲ့အိမ်ပြန်နောက်ကျတတ်တဲ့ကျွန်တော့်ကိုကြိုဆိုမဲ့သူ ထပ်မတွေ့ရတော့ဘူး ရတဲ့ဆေးကုသဖိုးတစ်ရာနှစ်ရာကအစ ကျွန်တော့်အတွက်ဘဲသုံးတဲ့သူ...

ရင်ကွဲမတတ်ငိုနေတာကို အစ်ကိုမြင်ရဲ့လား... ဘာကြောင့်လဲ ကျွန်တော့်ကြောင့်ဘဲအနစ်နာခံသွားရတာလဲဗျာ...

"ဘိုဏီ..."

လူဟန်ရဲ့ခေါ်သံကြောင့်အသိပြန်ကပ်နိုင်ပေမဲ့ ထုံနေတဲ့ခန္ဓာကိုယ်ကိုသယ်မထားချင်တော့... တဖြည်းဖြည်းတောက်လောင်နေတဲ့ ဦးတင်ကလည်း ကျွန်တော့်ကိုလှောင်ရယ်နေသလိုဘဲ... အရိပ်မည်းလည်း စိတ်မကောင်းတဲ့ပုံစံနဲ့ အနီးနားကNavyကိုဆွဲခေါ်သွားပြီ...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now