ဆုတောင်း

872 67 0
                                    

<Unicode>

ဆုတောင်း

ဒုန်းးးး။

ခလှမျးးးး။

"မနေဘူးကွာ မနေဘူး"

ဒုန်း ဒုန်းးး။

အဖေ့အော်သံကြောင့် ကျွန်မနိုးလာသည်။ကျွန်မ အိပ်ယာထဲမှ အသာထပြီး အိပ်ခန်းတံခါးကိုဖွင့်သည်။ထမင်းစားခန်းတွင် အမေက ကြမ်းပြင်ပေါ်က ပန်းကန်အကွဲ အပိုင်းအစတွေကို သိမ်းဆည်းနေသည်။ ထမင်းလုံးတွေ ဟင်းတွေပြန့်ကြဲနေပြီး လေထုက ထိုင်းမှိုင်းနေသည်။အမေ့မျက်နှာက အညိုအမဲစွဲနေပြီး အမေ့မျက်လုံးတွေထဲတွင် မျက်ရည်စတွေနှင့်။

"မေမေ"

ကျွန်မခေါ်လိုက်တော့ အမေက မျက်ရည်ကို ကပျာကယာသုတ်ပြီး ပြုံးပြလာသည်။

"မေမေ့သမီးလေး ဗိုက်ဆာနေပြီလား မျက်နှာအရင်သွားသစ်နော်"

"ဖေဖေရော အရက်သွားသောက်ပြန်ပြီလား"

ကျွန်မအမေးကို အမေကပြုံးရင်းဖြေရှာသည်။အရွယ်နှင့်မလိုက်အောင် အမေ့မျက်နှာက နွမ်းနွယ်နေရှာသည်။

"သမီးဖေဖေက အလုပ်ထဲမှာ အဆင်မပြေလို့ပါ အမေတို့ တိတ်တိတ်ကလေးနေရအောင်နော်"

အမေပြောတဲ့ အလုပ်ထဲအဆင်မပြေတာတွေကို ဆယ့်သုံးနှစ်အရွယ် ကျွန်မကသေချာမသိ။ကျွန်မသိတာ အဖေကမူးလာပြီး အမေ့ကိုရိုက်နှက်တတ်တာကိုပင်။

"မေမေ သမီးတို့ ဖေဖေနဲ့အဝေးကိုသွားလို့မရဘူးလား"

"သမီး သမီးအဖေက ဘာဘဲဖြစ်ဖြစ် သမီးအဖေလေ အဲ့လိုမတွေးရဘူးနော်"

"ဟုတ်"

ကျွန်မ ခေါင်းညိတ်ရင်း မျက်နှာသွားသစ်လိုက်သည်။ကျွန်မအိမ်ထဲဝင်လာတော့ အမေကထမင်းပွဲအသစ်ပြင်ထား၏။အမေနဲ့ကျွန်မ ထမင်းဝိုင်းတွင် အတူတူစားပြီးတော့ အမေက သနပ်ခါးသွေး‌သည်။

ကျွန်မ ပါးပြင်ကိုအမေက ကြင်ကြင်နာနာ သနပ်ခါးလိမ်းပေး၏။အမေ့အပြုံးတွေကကြည်လင်နေကာ အမေ့မျက်နှာပေါ်မှဒဏ်ရာတွေက အမေ့ကိုမနာကျင်စေသည့်အလား ပြုံး၍သာ နေသည်။အမေရဲ့လက်မှ သနပ်ခါးနံ့သင်းသင်းလေးက တစ်နေကုန်မွှေးပျံ့နေတော့၏။

One Shot CollectionWhere stories live. Discover now