လူကြီးနဲ့ကျွန်တော်

1.3K 129 2
                                    


"အီး ဟီး ဟီး အဖေ့ရေ အဖေ့သားအဖြစ်ကိုထကြည့်လှည့်ပါဦး"

ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ဘီယာဘူးကိုမော့ချလိုက်သည်။

ဟုတ်တယ်လေဗျာ။ဘယ်နှယ့် Valentine Dayကြီးမှာတွေ့ရမြင်ရသမျှကအတွဲတွေနဲ့ကျွန်တော်တစ်ယောက်ထဲစော်မရှိ။

မြင်မြင်ရသမျှအတွဲတွေကိုကြည့်ပြီးအားကျလွန်းလို့မခံစားနိုင်တော့ဘဲဘီယာဘူးတွေကိုင်ပြီးအဖေ့အုတ်ဂူရှေ့လာငိုနေခြင်း။

သချိုင်းထဲမှာတော့ဘယ်အတွဲမှမရှိဘူး။အေးတာဘဲ။

"အဖေရေ သားကိုကြိုက်မယ့်တစ်ယောက်ယောက်ကိုရှာပေးစမ်းပါ အေ့"

အုတ်ဂူထဲကအဖေကတော့ကြားလား။မကြားလားမသိ။မကြားလည်းကိစ္စမရှိပါဘူး။ဒီမှာအုတ်ဂူတွေအများကြီးရှိတာဘဲ။သရဲတစ်ကောင်ကောင်ကတော့ကြားလောက်ပါရဲ့။

ကျွန်တော်ကတော်ရုံမငိုတတ်ပေမယ့်ဘီယာလေးဘာလေးဝင်ရင်တော့ငိုပြီးရစ်တာလွဲပြီးကျန်တဲ့မူးနည်းမသိပေါင်။

ကျွန်တော်လည်းအဖေ့ကိုစော်မရှိတဲ့အကြောင်းတွေပြောရင်းငိုနေတုန်း။

"ဟေ့ ညီလေး"

လက်တစ်ဖက်ကကျွန်တော့်ပခုံးကိုပုတ်လိုက်‌တာကြောင့်ကျွန်တော်လှည့်ကြည့်လိုက်တယ်။

အားပါးပါး ချောလိုက်တဲ့လူကြီးဗျာ။ကျွန်တော့်နှလုံးခုန်သံတွေတောင်ဗြောင်းတိဗြောင်းပြန်ဖြစ်ကုန်တယ်။

"ညီလေး ကိုယ့်အဖေနဲ့ဘာတော်တာလဲ"

"‌ဗျာ"

"ကိုယ့်အဖေရဲ့အုတ်ဂူရှေ့မှာငိုနေလို့လေ"

"ဗျာ"

ကျွန်တော့်အသိစိတ်တစ်ခုလုံးကလွတ်ထွက်သွားတယ်။ကျွန်တော့်ခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလိုမျိုးအလင်းတန်းတွေမြင်လိုက်ရတယ်။အမူးတောင်ပြေချင်သွားသလို။

"ဒါဆို အကိုကကျွန်တော့်အကိုပေါ့ အဖေကကျွန်တော့်အမေမသိတုန်းဘာတွေလုပ်ထားတာလဲဗျာ"

ကျွန်တော့်အမေသစ္စာဖောက်ခံထားရတာကိုသိလိုက်ရတော့ကျွန်တော့်မျက်ရည်တွေစိုစွတ်လာပြန်သည်။ထိုလူကြီးရဲ့အကြည့်တွေကလည်းလေးလေးနက်နက်ဖြစ်သွားသည်။

One Shot Collectionحيث تعيش القصص. اكتشف الآن