ကြက်တစ်အုပ်

1K 90 3
                                    


အောက်အီးအီးအွတ်!!

ကြက်ဖကြီးကတွန်လိုက်တော့ကြက်ခြံပိုင်ရှင်ကထလာပြီးဆန်နဲ့ပြောင်းကိုကြက်ခြံထဲလာကြဲသည်။ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းတွေလည်းကြက်ခြံပိုင်ရှင်ကြဲတဲ့အစာတွေကောက်ပြီးစားကြသည်။တောစပ်ကသေးငယ်တဲ့အိမ်ခြံလေးဖြစ်လို့ကြက်တွေကသိပ်မများ။

‌"ဟေ့ကောင် ဟိုအမလေးကလှလိုက်တာကွာ"

ကျွန်တော် ကျွန်တော့်သူငယ်ချင်းညွှန်ပြတဲ့ကြက်မလေးကိုကြည့်လိုက်ပြီးအစာကိုသာဆက်စားလိုက်သည်။ကြက်မလေးကတော်တော်လှသည်။ဥကိုတစ်ခါမှမဥရသေးတဲ့ကြက်မဒါန်းလေး။

"လှလည်းမင်းရမှာကျလို့ကွာ အစာသာစားစမ်းပါ"

"ဟုတ်သား ကြက်ဖကြီးကိုလည်းငါကသွားခွပ်နိုင်တာမဟုတ်ဘူး"

ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းလည်းအစာကိုသာဝအောင်စားလိုက်ကြသည်။မြန်မြန်စားမှတော်ကြာကြက်ဖကြီးလာခွပ်နေမှပြေးနေရမယ်။

ကျွန်တော်တို့ကြက်ခြံထဲတွင်ပိုင်ရှင်ကအစာလာကျွေးလိုက်စားလိုက်အိပ်လိုက်။ကြက်မလေးတွေကဥဥလိုက်နဲ့ကြက်အကောင်ရေတော်တော်များလာသည်။ပိုင်ရှင်ကလည်းတစ်နေ့တစ်ကောင်နှုန်းနဲ့ကျွန်တော့်အသိတွေကိုခေါ်သွားသည်။ဘာလုပ်သည်ကိုတော့ကျွန်တော်တို့မသိ။

အချိန်တန်ပိုင်ရှင်ကအစာလာကျွေးရင်အဆင်ပြေသည်။တစ်နေ့ကျွန်တော်လည်းပျင်းပျင်းရှိတာနဲ့ခြံပတ်ပတ်လည်ကိုလျှောက်ပျံနေသည်။

ဟုတ်တာပေါ့။ကြက်ဆိုတော့လည်းဝေးဝေးပျံလို့မှမရဘဲ။တောင်ပံတွေကသာကြီးမားပြီးငှက်တွေလိုသုံးစားရတာမဟုတ်။

ကျွန်တော် တန်းပေါ်မှာလမ်းလျှောက်နေတုန်းပိုင်ရှင်ကခြံထဲဝင်လာပြီးကြက်မလေးတစ်ကောင်ကိုဖမ်းသွားသည်။

ကြက်မလေးကကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းငမ်းခဲ့တဲ့ကြက်မလေး။အော် သွားရှာပြီပေါ့။ပိုင်ရှင်ကခေါ်သွားပြီးရင်ပြန်ရောက်လာတတ်တာမဟုတ်။

ကျွန်တော်လည်းအမှုမဲ့အမှတ်မဲ့ပိုင်ရှင်လက်ထဲကကြက်မလေးကိုကြည့်နေလိုက်သည်။ပိုင်ရှင်ကခြံအပြင်ရောက်တာနဲ့ကြက်မလေးရဲ့လည်ကိုလိမ်ချိုးလိုက်သည်။ကြက်မလေးကအသံတောင်မထွက်နိုင်ဘဲငြိမ်သက်သွားသည်။

One Shot CollectionWhere stories live. Discover now