မင်းစစ် အလုပ်ကိုသာအာရုံစိုက်လို့ ကိုဖြိုးအား လက်သာခါပြလိုက်သည် ။ အခုချိန်ခါမျိုးမှာ သူဘာကိုဘာမှအလုပ်ထက်အာရုံမလာချင်တော့ အလုပ်ထဲတောင်မရောက်သည့်စိတ်အား အတင်းဖိအားပေးနေရသည် ။ မာန်ဝဏ္ဏခြိန်းကိုမေ့ချင်နေသည့် စိတ်ဟာသူ့ကိုပြန်အနိုင်ကျင့်နေပြန်သည် ။ မေ့ချင်လေလေ မေ့မရနိုင်ဖြစ်လာလေလေဘဲတဲ့ ။ သူဘာတွေလုပ်မှ မေ့လို့ရမည်လည်း ။

"အလုပ်တွေ အဲ့လောက်လဲ ဖိလုပ်နေစရာမလိုဘူးမလား မင်းစစ်ကုဋေ"

"ခြိန်း!"

"ဘာလဲ ကျုပ်ကိုလွမ်းနေမှာစိုးလို့ အလုပ်ကိုအကြောင်းပြနေတာတော့ မဟုတ်ဘူးမလား မင်းစစ်"

"မင်းကို ဘယ်သူပေးဝင်လိုက်တာလဲ"

"ခင်ဗျားကိုယ်တိုင် ကျုပ်ကို တံခါးမရှိဓားမရှိဝင်ခွင့်ပေးဖို့ ခင်ဗျားဝန်ထမ်းတွေကို အမိန့်ပေးထားတာဘဲလေ"

"အဲ့တာအရင်က အခုမင်းကိုငါ ဝင်ခွင့်မပေးထားဘူးခြိန်း မင်းအခုချက်ချင်းထွက်သွား!"

မာန်ဝဏ္ဏခြိန်းက သူ့စကားကို ဂရုမစိုက်ဘဲသူ့စီသို့လျှောက်လာသည် ။ သူထိုင်နေသည့်ခုံ၏ လက်ကိုင်ပေါ်သို့လက်တင်လိုက်ပြီး သူ့ကို ခပ်ပြုံးပြုံးစိုက်ကြည့်လာသည့် ခြိန်း ။ သူပြုံးနေပြန်ပြီ ခြိန်းကသူ့ကိုပြုံးပြနေပြန်ပါပြီ ။ အဲ့အပြုံးတွေကိုမြင်ရင် ငါ့ကိုငါထိန်းမရလောက်အောင် ခုန်မင်လာနိုင်လွန်းလို့ မင်းမပြုံးပြပါနဲ့လား ခြိန်း ။

"ခင်ဗျားကျုပ်ကို ဘာတွေမကျေနပ်နေလဲ ပြော!"

"ငါမသိဘူး! "

"ခင်ဗျားမပြောရင် ခင်ဗျားလူတွေရှေ့ ကျုပ်ခင်ဗျားကို-ိုးပြမှာနော်"

"မင်း! မာန်ဝဏ္ဏခြိန်း မင်း... မရိုင်းစိုင်းနဲ့!"

"ကျုပ်က အရိုင်းအစိုင်းကောင်ဘဲလေ ခင်ဗျားသိပြီးသားပါ ကျုပ်ရိုင်းတတ်မှန်း!"

ခြိန်းကမင်းစစ်ရဲ့လက်ကို အတင်းဆွဲပြီး အလုပ်စားပွဲပေါ် မှောက်လျက်တင်ပစ်လိုက်သည် ။ ပစ္စည်းတွေကတော့ ခြိန်းတွန်းချပစ်လိုက်တာကြောင့် အောက်မှာပြားကုန်တော့သည် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Opowieści tętniące życiem. Odkryj je teraz