10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း

Почніть із самого початку
                                    

တော်တော်များများက သူမကို သံသယနဲ့ ကြည့်နေကြသောကြောင့်  မို့ရွှမ်မင်သည် သူမ၏ နှလုံးသားထဲတွင် အလုပ်ကို​ဖြစ်မြောက်အောင် မလုပ်နိုင်သော အဒေါ်ဖန်အား ကြိမ်းမောင်းရင်း ဗလာကျင်ဖြစ်နေသော ရထားကို မယုံနိုင်စွာ ကြည့်နေသည်။

သူမ အ​မေ သည် ဉာဏ်အနည်းငယ်သာ ရှိလျှင်ပင် ထိုရထားထဲ၌ စည်အနည်းငယ် သို့မဟုတ် တွေ့ရာအမှိုက်များပင် ထည့်ထားလို့သည်။ ရထားကို လုံးဝဗလာဖြစ်အောင် မည်သို့ထားခဲ့နိုင်ရသနည်း။ ဒီလိုသာဆိုရင် မို့ရွှီတုန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတာ ဒီလောက်ထိထင်ရှားစေမှာ မဟုတ်ပေ

"တတိယညီမ........"

မိုရွှမ်မင်၏အမူအရာမှာ လွန်စွာအဆင်မပြေဖြစ်နေသည်။ သူတို့ပတ်ဝန်းကျင်က လူများရဲ့ တုံ့ပြန်မှုတွေကို မြင်တဲ့အခါ ရှင်းပြရန် ကြိုးစားတော့သည်။

"နန်နီရှန်း  မြို့တော်မှာ ဥပဒေတွေက ဘယ်လိုမျိုးလဲ။ တိမ်တိုက်မြို့ မှာဆ်ိုရင်တော့ တရားဝင်အရာရှိတစ်ယောက်ရဲ့ သမီးကို ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ဒီလို လိမ်လည်လှည့်ဖြားတဲ့ ကိစ္စမျိုးကြုံလာရရင် သူတို့ပစ္စည်းတွေကို သိမ်းပြီး ကြိမ်ဒဏ် အချက် ၅၀ ရိုက်နှက်အပြစ်ပေးခံရပါတယ်"

မိုလန်က မျက်စောင်းထိုးကာ နန်နီရှန်းကိုပြောသည်။ ရထားပေါ်မှ ​ပြုတ်ကျသွားသော ထိုအဘိုးအိုသည် ရုတ်တရက် စိုးရိမ်စိတ်တွေ တိုးလာတယ်။  သူ့မျက်လုံးတွေက လှုပ်လှုပ်ရွရွနဲ့ ပတ်ဝန်းကျင်ကို လှည့်ကြည့်လာတယ်။  နန်နီရှန်းသည် မိုလန်၏ကိစ္စရပ်ကို ချက်ချင်းသဘောပေါက်လိုက်သည်။ 

“မြို့တော်က ဥပဒေတွေက တိမ်တိုက်မြို့ထက် ပိုတင်းကျပ်တယ်။ ငါတို့က ဧကရာဇ်မင်းရဲ့ မျက်လုံးအောက်မှာ ရှိနေတာတောင် တစ်စုံတစ်ယောက်က ဒီလို ရာဇ၀တ်မှုမျိုးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ဝံ့တာဆိုရင် လိမ်လည်မှုအတွက် ကြိမ်ဒဏ် အချက် ၅၀နဲ့ မလုံလောက်ပါဘူး ။ သူတို့ကို အမှတ်အသားပြုပြီး နောက်လူတွေမကျူးလွန်ရဲအောင် သူတို့ရဲ့မိသားစုကို ကျွန်အဖြစ်ရောင်းချပြီး သူတို့ကိုယ်တိုင်ကိုတော့ ဥပဒေအရ ခေါင်းဖြတ်သတ်ပါတယ်  " 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now