21. ညီအစ်မနှစ်ယောက် ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်

1.9K 216 0
                                    

မိခင်ရှုသည် မို့ရွှီတုန်းက မို့ရွှမ်ချောင်၏ ခြံဝင်းသို့ သတင်းဖြန့်ရန် အမိန့်ပေးသည်နှင့် အလျင်အမြန်ပင် သဘောပေါက်သွားလေသည် ။ စတုတ္ထသခင်မလေးသည် မြို့စား၏သားကို အမြဲစိတ်ဝင်စားခဲ့သည်မှာ အိမ်တွင်းလျှို့ဝှက်ချက်မဟုတ်ပေ။

အကြီးဆုံးသခင်မလေးသည် သူမသခင်မ၏ဂုဏ်သတင်းကို ဖျက်ဆီးလိုသောကြောင့် မို့ရွှီတုန်းအား ကိုယ်ထိလက်ရောက်စော်ကားခံရမည့်အရေးကို လမ်းဖွင့်ပေးပြီး မို့ရွှီတုန်းကို ဒုက္ခရောက်အောင် ကြံစည်ခဲ့သည်မှာ မှန်ပါသည်။

အမေရှုဟာ သူ့ရဲ့သခင်မကို စိတ်မချမ်းသာအောင် ပထမသခင်မလေးနှင့် စတုတ္တသခင်မလေးတို့ ပူပေါင်းဆောင်ရွက်ခဲ့တာကို မမေ့ပါဘူး။

"အမေရှု ခဏနေ တို့ကိုလာရှာပါ"

မို့ရွှီတုန်းက မိခင်ရှုကို ပြုံးပြသည်။ မိခင်ရှုသည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။ အမှန်ပင် စတုတ္ထမိန်းကလေးကတော့ သန့်သန့်ပြန့်ပြန့်ထွက်လာလိမ့်မယ်။ ဒီအချိန်ရောက်ရင် ချစ်စရာကောင်းတဲ့ ပထမသခင်မလေးက ဒုက္ခရောက်တော့မှာ သေချာသည် ။

မို့ရွှီတုန်းသည် သူ့အစေခံများနှင့်အတူ မို့ဟွာဝမ်၏ စာကြည့်ခန်းသို့ ရောက်ရှိလာခဲ့သည် ။ စာကြည့်ခန်းသို့သွားရာလမ်းသည် တံခါးနှစ်ပေါက်သာခြား၍ သိပ်မဝေးပေ ။

အပြင်မှ အစေခံသည် သူမ ချဉ်းကပ်လာသည်ကို မြင်ပြီး မို့ဟွာဝမ်ကို အသိပေးပြီးပြီးဖြစ်သည်။ တံခါးဝသို့ရောက်သောအခါတွင် သူမသည် စာ​ကြည့်ခန်းမှ ချက်ချင်းကြိုဆိုသံကို ကြားရသည်။

"တုန်းအာ သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး။ လာထိုင်ပါဦး မင်းရဲ့အဖွား နေကောင်းရဲလား"

မိုဟွာဝမ်က သူ့လက်ထဲမှာ စာရွက်စာတမ်းတွေကို ချလိုက်ပြီး အပြုံးနဲ့ မေးတယ်။

"အဖွား နေကောင်းပါတယ်၊ ဟိုးအရင်က ကျန်းမာရေး နည်းနည်းလေး ညံ့နေတော့ အစ်ကိုဝမ်းကွဲက ဆရာပိုင်ကို လာကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်"

မို့ရွှီတုန်းက သူ့အဖေကို နှုတ်ဆက်ပြီး ဘေးမှာ ထိုင်ဖို့ ထလိုက်တယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now