ရာထူးဂုဏ်အင်တို့ စွန့်လွှတ်ခြင်း

Start from the beginning
                                    

“ ခမည်းတော် ”

တရားထိုင်နေသည့် ခမည်းတော်က သူ့ခေါ်သံကြားတော့ မျက်လုံးပွင့်လာပြီး သူ့ကိုကြည့်လာသည် ။

“ သားတော်.. ညကြီးအချိန်မတော် ဘာကိစ္စလဲ ? ”

ဂျောင်ကုလည်း ခမည်းတော်ဖြစ်သူကို ဂါရဝပြုလိုက်ကာ လာရခြင်းအကြောင်းရင်းကိုလျှောက်တင်သည် ။

“ ခမည်းတော်...ကပ်ဘေးဆိုက်နေတဲ့ရွာငယ်လေးကို သမားတော်တွေစေလွှတ်မယ်လို့ ကြားသိရပါတယ်... ”

ဂျောင်ကုပြောလာသည့်စကားများကြောင့် ဘုရင်မင်းမြတ်လည်း တရားထိုင်နေရာမှ ထလိုက်ကာ သက်ပြင်းချလိုက်ပြီး ဂျောင်ကုဆီသို့လျှောက်လမ်းလာသည် ။ ထို့နောက် တည်ငြိမ်အေးချမ်းသည့် လေသံဖြင့်ဆိုသည်။

“ သားတော်က ဘာလုပ်မလို့လဲ ? ”

“ ခမည်းတော်...အဲ့ဒီရွာငယ်လေးကို စေလွှတ်မဲ့သမားတော်တွေရဲ့ အသက်အန္တရာယ်စောင့်ရှောက်ဖို့အတွက် သားတော်ကိုသွားခွင့်ပေးပါ ”

“ ဘာဖြစ်လို့သွားချင်ရတာလည်း သားတော်...ဒီလမ်းခရီးက အန္တရာယ်မများဘူးဆိုတာကိုလည်း သားတော်သိမှာပါ...အကြောင်းပြချက်ကဘာလဲ ? ”

“ ခမည်းတော်...အခုချိန်မှာ သားတော်အသက်က သုံးဆယ်ရှိနေပါပြီ...ခမည်းတော်ရဲ့ကျေးဇူးတော်ကြောင့် သားတော် သိပ်ချစ်ရတဲ့ ကြင်သူကိုလည်း ပိုင်ဆိုင်ခွင့်ရထားပြီးပါပြီ...

ဆယ်စုနှစ် နှစ်စုနီးပါး ဒီနိုင်ငံအတွက် သားတော်ရဲ့ အသက်နဲ့ခန္ဓာကိုပေးဆပ်ထားတာပါ...ဒီလောက်ဆို လုံလောက်နေပြီမလား ? သားတော် ထီးနန်းလဲမမက်သလို အာဏာလဲမမက်ပါဘူး...ရှုပ်ထွေးတဲ့နေရာကြီးကနေ ခဏတာအနားယူပြီး ကြင်သူနဲ့အေးအေးချမ်းချမ်းနေချင်ရုံပါ ”

ဘုရင်မင်းမြတ် သက်ပြင်းချမိသည် ။ သားတော် ဟွမ်ဂျင်က စိတ်ဓာတ်ပြတ်သားလွန်းတာကိုသိသည် ။ ယခုလို ဆုံးဖြတ်ထားပြီးမှတော့ တားမြစ်ဖို့ရန်လည်းမဖြစ်နိုင်တော့။ ခွင့်ပြုပေးရန်သာ ဖြစ်တော့မည် ။

“ ကောင်းပြီ...ခမည်းတော်ခွင့်ပြုပါတယ်...အဲ့ဒီအစား သားတော်က ဒီနိုင်ငံရဲ့ စစ်သူကြီး ၊ ဘုရင့်သားတော်တစ်ပါး ဆိုတာကို လုံးဝမမေ့လိုက်ပါနဲ့ ”

I'm Not A Girl |TK|✓Where stories live. Discover now