RVTIACF Chapter-(32)

Start from the beginning
                                    

သူ့ကမ္ဘာက သူ့အပေါ်နေ့ချင်းညချင်း မူတည်ပြောင်းလဲသွားသလိုပင်။ သူ့ရဲ့ပြီးပြည့်စုံတဲ့ စံပြကမ္ဘာလေးကလည်း အခုများတော့ ဖုန်မှုန့်တွေလို ပျက်စီးသွားချေပြီ။

နောက်ပြီး ချူရှောင်းသူ့ကို 'ညစ်ပတ်တဲ့ အမှိုက်စ' လို့ ခေါ်တဲ့ဖြစ်ရပ်ကိုလည်း အကြွေးမဆပ်ရသေးပေ။ သူလုပ်ဖို့အခွင့်တောင် မသာသေးခင် သူမကသူ့မိသားစုစီးပွားရေးတွေနဲ့ သူ့ကိုလာခြိမ်းခြောက်နေသည်။

ပိုင်ရွယ်ဝေ့ပြောသလို ဒီလိုအရာတွေ ဖြစ်လာကတည်းက ချူရှောင်လည်း ခေါင်းမာတဲ့အမျိုးသမီး ဖြစ်လာပြီး အတိတ်ကအရာရာကို လစ်လျူရှူကာ သူရဲ့တိကျတဲ့ဆုံးဖြတ်ချက်တွေ ချတဲ့အခါဆီမှာပဲ သူမစိတ်ကို ပုံချထားတော့သည်။

ချူရှောင်းရဲ့ လက်ရှိစရိုက်ကို အတည်ပြုပြီးနောက်မှာ ယိချန်အေးစက်စက် နှာမှုတ်လိုက်သည်။ ပိုင်ရွယ်ဝေ့မျက်နှာကြောင့်သာ မဟုတ်ရင် သူချူရှောင်းကို ဘယ်တော့မှလာမတွေ့ပေ။ ဒါကပဲ သူတို့ကိုချူရှောင်း အထင်သေးသွား စေတာလား? ဘယ်လို ကြောင်သူတော်ဘာလိမ့်! သူမကသူ့ကို ခြိမ်းခြောက်တဲ့သူဖြစ်နေမှတော့ ယိချန်သူမကို ဘယ်တော့မှ ထပ်ရှာတော့မှာမဟုတ်။

အခုဆိုးဝါးတဲ့စိတ်အခြေအနေမှာ ရှိနေတဲ့ယိချန်က ဘားမှာသွားသောက်ဖို့ သူ့သူငယ်ချင်းအချို့ကို ဖုန်းခေါ်လိုက်သည်။ ပိုင်ရွယ်ဝေ့ဆီက လွတ်သွားတဲ့ဖုန်းခေါ်ဆိုမှုတွေကိုတော့ ရှင်းရှင်းပင် ဖုန်းချပစ်လိုက်သည်။ ပိုင်ရွယ်ဝေ့နဲ့ ရိုတဲ့အချိန်လေးတွေ ရှိချင်တဲ့စိတ်မျိူးမဟုတ်ဘဲ ဘားမှာသူ့စိတ်တွေ ရှင်းထုတ်ဖို့ အရက်သောက်တာကိုပဲ အမှီပြုရတော့သည်။

လူညစ်ကောင်အုပ်စုမှာ သီချင်းဆိုရင်း ကခုန်ရင်းနဲ့ ပျော်ရွှင်စရာကောင်းပုံရတဲ့ လေထုကလည်း ဘားတစ်ခုလုံးကိုဖုံးလွှမ်းနေသည် ။အရက်လေးပါ ဝင်လာတော့ ပျော်စရာတွေဆီ လှပတဲ့ကောင်မလေးတွေပါ ခေါ်လာကြလေသည်။ ခွက်နည်းနည်းလောက် မော့အပြီး ယိချန် အပျော်လွန်မှုတွေကို မလွန်ဆန်နိုင်တော့တာကြောင့်  သူ့ဖုန်းဆီလက်လှမ်းကာ ချူ​ရှောင်းနံပါတ်ဆီ ဖုန်းခေါ်မိတော့သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now