RVTIACF Chapter-(32)

Start from the beginning
                                    

ဒါနဲ့ပဲ ယိချန်ယိကျန့်ဟုန်ဆီ ဖုန်းဆက်ကာမေးကြည့်သည်။

"ယိမိသားစုက လတ်တစ်လော တစ်ခုခုကို လေလံဆွဲနေလား? ချူမိသားစုသာ လေလံကိုဆွဲပစ်လိုက်မယ်ဆို ကျွန်တော်တို့ကုမ္ပဏီ ဘာဖြစ်သွားမှာလဲ?"

တစ်ဖက်က ဖုန်းခေါ်ဆိုမှုအဆုံးမှာ သူ့သွေးတွေဆူပွက်လာကာ ယိကျန့်ဟုန် ဒေါသထွက်စွာ မေးလေသည်။

"မင်းဘာပြောတာလဲ? ချူမိသားစုကလည်း လေလံကို စိတ်ဝင်စားနေတာတဲ့လား?"

"အဖေ မေးခွန်းမေးတာရပ်ပြီး ဒီလိုအခြေအနေသာဆို ဘာဖြစ်မလဲသာ ပြောပါ။"

" ဒီအချိန်မှာ ချူမိသားစုက အင်အားအရရော လွမ်းမိုးမှုအရပါ ဖိနှိပ်ထားတာ။ သူတို့သာ ငါတို့နဲ့လေလံပြိုင်ဆွဲဖို့ ရည်ရွယ်နေတယ်ဆို တန်ပြန်လုပ်နိုင်တာတော့ ဘာမှမရှိဘူးပေါ့။ ဒီတော့ ဘာဖြစ်မှာလဲ? အဲ့သတင်းတွေ ဘယ်ကကြားလာတာလဲ?"

ယိချန်သူ့ဆံပင်တွေကို စိတ်တိုတိုခါရင်း ပြော၏။

"ဘာမှ မဟုတ်ပါဘူး။ ချူရှောင်းက သူမနဲ့ ဝေးဝေးနေဖို့ပြောတယ်။ မဟုတ်ရင် ကျွန်တော်တို့ဆီက လေလံကိုဆွဲယူပစ်မယ်တဲ့။"

ယိကျန့်ဟုန် အသံနက်ကြီးနဲ့ အော်မဆဲဆိုခင် ခဏမျှတိတ်ဆိတ်သွားသည်။

"မင်း စိတ်မမှန်တော့ဘူးလား? သူမအပေါ် ဖောက်ပြန်ရုံတင်မကဘူး၊ လက်ထပ်ပွဲစီစဥ်တာလည်း အဆုံးသတ်ပြီးပြီလေ! ဘာလို့အခုထိ သွားဆွဖို့ ကြိုးစားနေသေးတာလဲ? သူမကိုထပ်ပြီး ရုတ်တရက်ချစ်မိသွားတယ်လို့တော့ မပြောနဲ့နော်။ အဲလိုဆိုလည်း ဘာကိစ္စလုပ်ခဲ့သေးလဲ? တတ်နိုင်သမျှ သူမနဲ့ဝေးဝေးနေတာ ပိုကောင်းမယ်။ မင်းရဲ့ အိမ်အကူကိုလည်း သူမနားဝေးဝေးနေဖို့ ပြောထား။

ချုမိသားစုသာ တကယ်ကြီး ကုမ္ပဏီကိစ္စတွေ ကြားဝင်လာမယ်ဆို ငါကိုယ်တိုင်မင်းကို အရှင်လတ်လတ် အရေခွံဆုတ်မှာ။ ယိချန် ငါ့စကားကို နားထောင်တာကောင်းမယ်။ အဲ့အိမ်အကူကို ဆန့်ကျင့်တဲ့လုပ်ရပ်တွေ လုပ်မိအောင် ငါ့ကိုဖိအားမပေးနဲ့။"

ယိကျန့်ဟုန် ချက်ချင်းဖုန်းချလိုက်၏_ သူ့သားကို ဒေါသထွက်နေတာ အရှင်းကြီးပင်။
ရူသိုးသိုးစိတ်အခြေအနေနဲ့ ယိချန်ကလည်း ချုရှောင်းကိုအမြဲနှောင့်ယှက်နေသလို ပုံသေမြင်နေတဲ့  ကပ်ရောဂါတစ်ခုလို မြင်ခံနေရကတည်းက သူမနဲ့လက်ထပ်ပွဲဖျက်မိတာကို နောင်တရနေပြီ။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now