ဆင်တူဝတ်စုံ

Start from the beginning
                                    

နှစ်ဦးသား မနက်စာစားပြီးသည့်နောက်တွင်တော့ အစေခံများက ပန်းကန်များကိုလာသိမ်းသွားကြသည် ။ ထိုစဉ်ယန်လေးလဲ အထုပ်ကြီးကြီးနှစ်ထုပ်ကိုင်၍ ပြန်ရောက်လာသည် ။

“ ကြင်ယာတော်...ဝတ်စုံတွေရလာပါပြီ ”

“ ဟီးဟီး...အေးအေး ယန်လေးရေ...အထုပ်ကိုဖြည်လိုက် ”

“ ဟုတ်ကဲ့ ”

ယန်လေး ယူလာတဲ့အထုပ်ကို တစ်လွှာချင်းသေချာ ဖြည်ပြီးနောက်ထွက်လာသည်က ဆင်တူ ချုပ်ထားတဲ့ ဝတ်စုံနှစ်စုံ ။ ထယ်ယောင်းချုပ်ခိုင်းထားတဲ့ အဝတ်ပုံစံက အနည်းငယ် ဆန်းပြားသည် ။ ရုပ်ရှင်မင်းသားဖြစ်သည့်အတွက် မည်သူနှင့်မှမတူသည့် ပုံစံကိုသဘောကျတာတော့အမှန်ပင် ။ ထို့ကြောင့် ယခုဝတ်စုံသည်လည်း ရှီလာမှဝတ်နေကျ ပုံစံနှင့်ကွဲထွက်ကာ ဆန်းပြားနေသည် ။

“ ဘေဘီ...ပုံစံက တစ်မျိုးပဲနော် ”

“ အင်း...ဒါ ထယ့်စိတ်ကြိုက် ချုပ်ထားတာလေ...သာမန်နဲ့မတူပဲ ကွဲထွက်နေတော့ မမိုက်လွန်းဘူးလား ? ”

“ ဘေဘီလည်း သိရဲ့သားနဲ့ ကိုယ်က ဘေဘီကြိုက်ရင် ရပြီ... အရာအားလုံးက ဘေဘီ့သဘော ”

“ အာ...အဲ့ဒါကြောင့် အချစ်ကို ချစ်နေရတာ ”

ဆင်တူဝတ်စုံလေးက တကယ်ကိုလှပါသည် ။ ပုံမှန်ချုပ်ပုံတွေနဲ့မတူပဲ အရောင်နှစ်မျိုးကိုသာအသုံးပြုထားသည် ။ ထို့ပြင် အရောင်စပ်သည့်ပုံစံကလည်း ဟိုတစ်စဒီတစ်စမဟုတ်ပဲ တစ်ရောင်ကို တစ်ခြမ်းစီချုပ်ထားတာကြောင့် တော်တော်လေးကို ဆန်းပြားနိုင်လွန်းသည် ။ အသုံးပြုထားသည့် အစ ပိုးထည်စမဟုတ်သော်လည်း နူးညံ့ကပျော့ပျောင်းလွန်းသည့် ပိတ်စအမျိုးအစားဖြစ်သည်။ အနက်နှင့် အဆင်လေးကိုတစ်ခြမ်းစီစပ်ထားသည့်ပုံစံက မျက်လုံးကိုအေးချမ်းစေသည် ။ သို့သော်.... ဝတ်စုံ နှစ်စုံလုံးက ယောင်္ကျားလေးဝတ်များဖြစ်နေခြင်း...

“ ဘေဘီ... ဝတ်စုံက ? ”

“ အဟမ်း...ယန်လေး တစ်ချက်လောက်ထွက်သွားပေး ”

“ ဟုတ်ကဲ့ပါ ကြင်ယာတော် ”

ယန်လေးထွက်သွားပြီးနောက် ဂျောင်ကုက စိုးရိမ်းစိတ်ဖြင့် ထယ်ယောင်းပုခုံးလေးကို ကိုင်လိုက်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now